
0
916




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘားအံ ယာဉ်တိုက်မှု ဆရာဝန် ၁ ဦးသေ၊ ၃ ဦး ဒဏ်ရာရ

ကရင်ပြည်နယ်၊ ဘားအံမြို့၊ မြို့နယ်စုပေါင်းရုံးရှေ့မှာ မနေ့ ဖေဖော်ဝါရီ ၂၂ ရက်က ယာဉ်ဟာ ဆက်သွယ်ရေးတိုင်နဲ့ သစ်ပင်ကို ဝင်တိုက်မှုကြောင့် ဆရာဝန် ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာ ရရှိသွားပါတယ်။

လက်ထောက်ဆရာဝန် ဒေါက်တာ ပြည့်ဖြိုးအောင် (၂၉ နှစ်) မောင်းလာတဲ့ ဟွန်ဒါ ဖစ် ယာဉ်က လမ်းဘေးရှိ ဆက်သွယ်ရေးတိုင်နဲ့ သစ်ပင်ကို ဝင်တိုက်တာ ဖြစ်ပြီး အလုပ်သင်ဆရာဝန် နိုင်လင်းထွန်း (၂၃ နှစ်) မှာ စိုးရိမ်ရတဲ့ ဒဏ်ရာ ရရှိပြီး အလုပ်သင်ဆရာဝန် ဖြိုးမောင်မောင်စိုး (၂၄ နှစ်) နဲ့ ကျန် ၂ ဦးကတော့ ဒဏ်ရာ မစိုးရိမ်ရပါဘူး။

သူတို့ကို ဘားအံမြို့ ပြည်သူ့ဆေးရုံမှာ ကုသမှု ခံယူစဉ် အလုပ်သင် ဆရာဝန် နိုင်လင်းထွန်း သေဆုံးသွားခဲ့တဲ့အတွက် ယာဉ်မောင်းသူ ဒေါက်တာ ပြည့်ဖြိုးအောင်ကို အမှုဖွင့် အရေးယူထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)