ခ်င္းျပည္နယ္မွာ ပထမဆံုး ပညာေရးေကာလိပ္ ဖြင့္လွစ္

0
1011

ခ်င္းျပည္နယ္မွာ ပထမဆံုး ပညာေရးေကာလိပ္ျဖစ္တဲ့ ဟားခါး ပညာေရးေကာလိပ္ကို ေဖေဖာ္ဝါရီလ ၂၁ ရက္ေန႔မွာ တရားဝင္ ဖြင့္လွစ္လိုက္ပါတယ္။

ဟားခါး ပညာေရးေကာလိပ္ ဖြင့္ပြဲကို တုိင္းရင္းသားလူမ်ဳိးမ်ားေရးရာ ဝန္ႀကီး ႏုိင္သက္လြင္ တက္ေရာက္ပါတယ္။ ခ်င္းျပည္နယ္ရဲ႕ အေျခခံပညာက႑ ဖြံ႔ၿဖိဳးတိုးတက္ေရး၊ ဆရာ၊ ဆရာမ လိုအပ္ခ်က္ ျဖည့္ဆည္းေရး၊ အရည္အေသြးရွိ ပညာေရး ဝန္းက်င္ေကာင္း ဖန္တီးေရးတို႔အတြက္ ပထမဆံုး ပညာေရး ေကာလိပ္ကို ဖြင့္လွစ္တာ ျဖစ္ပါတယ္။

ဟားခါး ပညာေရးေကာလိပ္မွာ သင္ၾကားမႈေတြကို ၂ဝ၁၇ ခုႏွစ္ ဒီဇင္ဘာ ၄ ရက္ ကတည္းက စတင္ခဲ့တာ ျဖစ္ၿပီး သင္တန္းသား ၅၀၊ သင္ၾကားေရး ဆရာ၊ ဆရာမ ၂၆ ဦး ရွိပါတယ္။ ဟားခါး ပညာေရးေကာလိပ္ ေက်ာင္းအုပ္ႀကီးကေတာ့ ဦးဟရန္ဘြဲပုမ္ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ချင်းပြည်နယ်မှာ ပထမဆုံး ပညာရေးကောလိပ် ဖွင့်လှစ်

ချင်းပြည်နယ်မှာ ပထမဆုံး ပညာရေးကောလိပ်ဖြစ်တဲ့ ဟားခါး ပညာရေးကောလိပ်ကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ တရားဝင် ဖွင့်လှစ်လိုက်ပါတယ်။

ဟားခါး ပညာရေးကောလိပ် ဖွင့်ပွဲကို တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီး နိုင်သက်လွင် တက်ရောက်ပါတယ်။ ချင်းပြည်နယ်ရဲ့ အခြေခံပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ဆရာ၊ ဆရာမ လိုအပ်ချက် ဖြည့်ဆည်းရေး၊ အရည်အသွေးရှိ ပညာရေး ဝန်းကျင်ကောင်း ဖန်တီးရေးတို့အတွက် ပထမဆုံး ပညာရေး ကောလိပ်ကို ဖွင့်လှစ်တာ ဖြစ်ပါတယ်။

ဟားခါး ပညာရေးကောလိပ်မှာ သင်ကြားမှုတွေကို ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ ၄ ရက် ကတည်းက စတင်ခဲ့တာ ဖြစ်ပြီး သင်တန်းသား ၅၀၊ သင်ကြားရေး ဆရာ၊ ဆရာမ ၂၆ ဦး ရှိပါတယ်။ ဟားခါး ပညာရေးကောလိပ် ကျောင်းအုပ်ကြီးကတော့ ဦးဟရန်ဘွဲပုမ် ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)