တာခ်ီလိတ္ ေရႊတိဂံုေစတီေတာ္မွာ မီးေလာင္

0
885

ရွမ္းျပည္နယ္ အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕ ေရႊတိဂံု ေစတီေတာ္မွာ ဆင္ထားတဲ့ ျငမ္းတိုင္ေျခရင္း အမိႈက္ကေန မီးေလာင္မႈ ေဖေဖာ္ဝါရီ ၂၂ ရက္ေန႔ မနက္ ၄ နာရီမွာ ျဖစ္ပြားခဲ့ပါတယ္။

မကာဟိုခမ္း ရပ္ကြက္ရွိ ေရႊတိဂံု ေစတီေတာ္မွာ ေရႊသကၤန္း ကပ္လႉဖို႔ ျငမ္းေတြ ဆင္ထားတာ ျဖစ္ပါတယ္။ မနက္ ၄ နာရီ ၁၅ မိနစ္မွာ မီးၿငိမ္းသတ္ႏိုင္ခဲ့ပါတယ္။

ေစတီေတာ္ရဲ႕ တနလၤာနဲ႔ အဂၤါေထာင့္ရွိ ေစတီေတာ္ကို လံုးေတာ္ျပည့္ ေရႊသကၤန္းကပ္ဖို႔ ဆင္ထားတဲ့ ျငမ္းတိုင္ေျခရင္းက အမိႈက္ေတြကေန မီးစေလာင္ၿပီး ျငမ္းမွာကာထားတဲ့ ဖ်ာတခ်ိဳ႕ မီးေလာင္ခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တာချီလိတ် ရွှေတိဂုံစေတီတော်မှာ မီးလောင်

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့ ရွှေတိဂုံ စေတီတော်မှာ ဆင်ထားတဲ့ ငြမ်းတိုင်ခြေရင်း အမှိုက်ကနေ မီးလောင်မှု ဖေဖော်ဝါရီ ၂၂ ရက်နေ့ မနက် ၄ နာရီမှာ ဖြစ်ပွားခဲ့ပါတယ်။

မကာဟိုခမ်း ရပ်ကွက်ရှိ ရွှေတိဂုံ စေတီတော်မှာ ရွှေသင်္ကန်း ကပ်လှူဖို့ ငြမ်းတွေ ဆင်ထားတာ ဖြစ်ပါတယ်။ မနက် ၄ နာရီ ၁၅ မိနစ်မှာ မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။

စေတီတော်ရဲ့ တနင်္လာနဲ့ အင်္ဂါထောင့်ရှိ စေတီတော်ကို လုံးတော်ပြည့် ရွှေသင်္ကန်းကပ်ဖို့ ဆင်ထားတဲ့ ငြမ်းတိုင်ခြေရင်းက အမှိုက်တွေကနေ မီးစလောင်ပြီး ငြမ်းမှာကာထားတဲ့ ဖျာတချို့ မီးလောင်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)