တ႐ုတ္ႏိုင္ငံမွာ အလုပ္ရမယ္ဆိုၿပီး အလုပ္သမား ပို႔ေဆာင္သူ ၂ ဦး အဖမ္းခံရ

0
894

တ႐ုတ္ႏိုင္ငံ၊ ကြမ္တံုၿမိဳ႕ရွိ ပရိေဘာဂ စက္႐ံုမွာ တစ္လ ေငြက်ပ္ ၅ သိန္းနဲ႔ အလုပ္ရမယ္ဆိုၿပီး အမ်ိဳးသား ၄၄ ဦး၊ အမ်ိဳးသမီး ၈ ဦး၊ စုစုေပါင္း ၅၂ ဦးကို ေခၚေဆာင္လာသူ ၂ ဦးကိုေဖေဖာ္ဝါရီလ ၂၁ ရက္ေန႔က ဖမ္းဆီးလိုက္ပါတယ္။

ျမင္းၿခံၿမိဳ႕၊ ေဂြးေတာက္ပင္ရြာေန ေက်ာ္စိုးလင္းနဲ႔ မန္က်ည္းသမွ်ားရြာေန ေအာင္လင္းတို႔က ေခၚေဆာင္လာတာျဖစ္ၿပီး ပုသိမ္ႀကီးၿမိဳ႕နယ္၊ ေက်ာက္ေခ်ာေက်းရြာ၊ ေအးရွားေဝါ တိုးဂိတ္မွာ ဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။

ေက်ာ္စိုးလင္းက ၂၆ ဦးကို တစ္ဦးလွ်င္ က်ပ္ ၅ သိန္း ၂ ေသာင္း၊ ေအာင္လင္းက ၂၆ ဦးကို တစ္ဦးလွ်င္ က်ပ္ ၅ သိန္း ၅ ေသာင္းတို႔နဲ႔ ေငြေၾကးလက္ခံ ေခၚေဆာင္လာေၾကာင္း စစ္ေဆးေပၚေပါက္တဲ့အတြက္ ေက်ာ္စိုးလင္းနဲ႔ ေအာင္လင္းကို ဖမ္းဆီးအေရးယူထားၿပီး လိုက္ပါလာသူ ၅၁ ဦးကို တည္းခိုေနထိုင္ စားေသာက္ေရး စီစဥ္ေပးထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တရုတ်နိုင်ငံမှာ အလုပ်ရမယ်ဆိုပြီး အလုပ်သမား ပို့ဆောင်သူ ၂ ဦး အဖမ်းခံရ

တရုတ်နိုင်ငံ၊ ကွမ်တုံမြို့ရှိ ပရိဘောဂ စက်ရုံမှာ တစ်လ ငွေကျပ် ၅ သိန်းနဲ့ အလုပ်ရမယ်ဆိုပြီး အမျိုးသား ၄၄ ဦး၊ အမျိုးသမီး ၈ ဦး၊ စုစုပေါင်း ၅၂ ဦးကို ခေါ်ဆောင်လာသူ ၂ ဦးကိုဖေဖော်ဝါရီလ ၂၁ ရက်နေ့က ဖမ်းဆီးလိုက်ပါတယ်။

မြင်းခြံမြို့၊ ဂွေးတောက်ပင်ရွာနေ ကျော်စိုးလင်းနဲ့ မန်ကျည်းသမျှားရွာနေ အောင်လင်းတို့က ခေါ်ဆောင်လာတာဖြစ်ပြီး ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ အေးရှားဝေါ တိုးဂိတ်မှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ကျော်စိုးလင်းက ၂၆ ဦးကို တစ်ဦးလျှင် ကျပ် ၅ သိန်း ၂ သောင်း၊ အောင်လင်းက ၂၆ ဦးကို တစ်ဦးလျှင် ကျပ် ၅ သိန်း ၅ သောင်းတို့နဲ့ ငွေကြေးလက်ခံ ခေါ်ဆောင်လာကြောင်း စစ်ဆေးပေါ်ပေါက်တဲ့အတွက် ကျော်စိုးလင်းနဲ့ အောင်လင်းကို ဖမ်းဆီးအရေးယူထားပြီး လိုက်ပါလာသူ ၅၁ ဦးကို တည်းခိုနေထိုင် စားသောက်ရေး စီစဉ်ပေးထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)