အခြေခံ အခွင့်အရေး ကာကွယ်ပေးနိုင်မယ့် လူငယ်မူဝါဒ ဖြစ်၊ မဖြစ် စောင့်ကြည့်မယ် (ရုပ်/သံ)

0
948







>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လူငယ်မှုဝါဒဟာ လူငယ်တွေရဲ့ အခြေခံအခွင့်အရေးတွေကို အကာအကွယ်ပေးနိုင်တဲ့ မူဝါဒဖြစ်ဖို့နဲ့ ဝန်ကြီးဌာနအသီးသီးက ဘယ်လောက်ထိ ပါဝင်ဆောင်ရွက်နိုင်မယ်ဆိုတာ စောင့်ကြည့်သွားရမယ်လို့ ရန်ကုန်လူငယ်ကွန်ရက်က ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် အောင်သူက ပေးပို့ထားပါတယ်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းက အတည်ပြုပြဌာန်းလိုက်တဲ့ လူငယ်မှုဝါဒဟာ လူငယ်တွေရဲ့ အခြေခံရပိုင်ခွင့်တွေနဲ့ အခြေခံအခွင့်အရေးတွေကို တကယ့်အကာအကွယ်ပေးနိုင်တဲ့ မူဝါဒဖြစ်ဖို့နဲ့ လက်တွေ့အခြေအနေမှာ အဲ့ဒီမူဝါဒကို ဝန်ကြီးဌာနအသီးသီးက ဘယ်လောက်အတိုင်းအတာထိ ပါဝင် ဆောင်ရွက်နိုင်မယ်ဆိုတာ ရေရှည်စောင့်ကြည့်သွားရမယ့်အခြေအနေဖြစ်တယ်လို့ ရန်ကုန်လူငယ်ကွန်ရက် ဥက္ကဋ္ဌ မသဉ္ဇာရွှန်းလဲ့ရည်က ပြောပါတယ်။

Soundbite – မသဌ္ဇာရွှန်းလဲ့ရည်(ဥက္ကဋ္ဌ) ရန်ကုန်လူငယ်ကွန်ယက်

လက်ရှိမှာ လူငယ်မူဝါဒအတည်ပြုပြဌာန်းပြီးနောက်ပိုင်း ကျောင်းသားလူငယ်တွေ အဖမ်းခံတဲ့ ဖြစ်စဉ်တွေ ပေါ်ပေါက်ခဲ့တာကြောင့် ဒီမူဝါဒဟာ နိုင်ငံရေးတက်ကြွလှုပ်ရှားတဲ့ လူငယ်တွေအတွက် အကာအကွယ်မပေးနိုင်ဘူးလို့လည်း ဝေဖန်မှုတွေရှိနေပါတယ်။

Soundbite – မအိသဉ္ဇာမောင်(နိုင်ငံရေးတက်ကြွလှုပ်ရှားသူ)

လူငယ်မှုဝါဒမှာ လူငယ်တွေရဲ့အသံတွေ ပိုမိုပါဝင်နိုင်ဖို့ လူငယ်ရေးရာကော်မတီကို ဖေဖော်ဝါရီလကနေ မတ်လအတွင်း အပြီးသတ်ရွေးချယ်ဖွဲ့စည်းသွားမှာ ဖြစ်ပြီး အဲ့ဒီကော်မတီမှာ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ အစိုးရ၊ ဌာနဆိုင်ရာတွေလည်း ပါဝင်သွားမှာဖြစ်ပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)