သဘာဝေဘး ကာကြယ္ဖို႔ ကမာၻ႔ဘဏ္က ေခ်းေငြထုတ္ေပးမယ္

0
905

ေရႀကီးေရလွ်ံမႈ၊ ေျမငလ်င္ အပါအဝင္ သဘာဝေဘးဒဏ္ ရင္ဆိုင္ရပါက ခုခံကာကြယ္ႏိုင္စြမ္း ျမႇင့္္တင္ဖို႔ ကမာၻ႔ဘဏ္က ေခ်းေငြထုတ္ေပးသြားမွာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံ အပါအဝင္ အေရွ႕ေတာင္အာရွေဒသမွာ သဘာဝ ေဘးအႏၱရာယ္ စီမံခန္႔ခြဲမႈ စီမံကိန္းအတြက္ အျပည္ျပည္ဆိုင္ရာ ဖြံ႕ၿဖိဳးေရးေခ်းေငြ အေမရိကန္ေဒၚလာ ၁၁၆ သန္းကို ပထမဆံုး ေျခလွမ္းအျဖစ္ စတင္လုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္။

ကမာၻ႔ဘဏ္ရဲ႕ ျမန္မာႏိုင္ငံ၊ ကေမာၻဒီးယားႏိုင္ငံႏွင့္ လာအိုႏိုင္ငံ ဆိုင္ရာ ညႊန္ၾကားေရးမွဴး အယ္လင္ ဂိုးစတိန္းက စီမံကိန္းက သဘာဝ ေဘးအႏၲရာယ္ေတြနဲ႔ ရင္ဆိုင္ရရင္ အလ်င္အျမန္နဲ႔ ျပန္လည္ ထူေထာင္ႏိုင္ဖို႔ ေဘးအႏၲရာယ္ မက်ေရာက္မီ ႀကိဳတင္ျပင္ဆင္မႈ အပိုင္းေတြနဲ႔ ႀကိဳတင္ကာကြယ္တာေတြ ေဆာင္ရြက္ႏိုင္ဖို႔ အကူအညီေပးမွာ ျဖစ္တယ္လို႔ ေျပာပါတယ္။

ဒါ့အျပင္ ကမာၻ႔ဘဏ္အေနနဲ႔ ျမန္မာႏိုင္ငံမွာ သဘာဝ ေဘးေတြ က်ေရာက္လာပါက အျမန္ဆံုး တုံ႔႔ျပန္ေဆာင္ရြက္ဖို႔ ပံ့ပိုးေပးမယ္၊ ဒါမွလည္း မိသားစုဘဝေတြ လံုၿခံဳႏိုင္မွာ ျဖစ္တဲ့အျပင္ လုပ္ငန္းခြင္ေတြဆီကို အျမန္ဆံုး ျပန္ဝင္ႏိုင္မွာ ျဖစ္တယ္လုိ႔ အယ္လင္ ဂိုးစတိန္းက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သဘာဝဘေး ကာကွယ်ဖို့ ကမ္ဘာ့ဘဏ်က ချေးငွေထုတ်ပေးမယ်

ရေကြီးရေလျှံမှု၊ မြေငလျင် အပါအဝင် သဘာဝဘေးဒဏ် ရင်ဆိုင်ရပါက ခုခံကာကွယ်နိုင်စွမ်း မြှင့်တင်ဖို့ ကမ္ဘာ့ဘဏ်က ချေးငွေထုတ်ပေးသွားမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှဒေသမှာ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှု စီမံကိန်းအတွက် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးချေးငွေ အမေရိကန်ဒေါ်လာ ၁၁၆ သန်းကို ပထမဆုံး ခြေလှမ်းအဖြစ် စတင်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနှင့် လာအိုနိုင်ငံ ဆိုင်ရာ ညွှန်ကြားရေးမှူး အယ်လင် ဂိုးစတိန်းက စီမံကိန်းက သဘာဝ ဘေးအန္တရာယ်တွေနဲ့ ရင်ဆိုင်ရရင် အလျင်အမြန်နဲ့ ပြန်လည် ထူထောင်နိုင်ဖို့ ဘေးအန္တရာယ် မကျရောက်မီ ကြိုတင်ပြင်ဆင်မှု အပိုင်းတွေနဲ့ ကြိုတင်ကာကွယ်တာတွေ ဆောင်ရွက်နိုင်ဖို့ အကူအညီပေးမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ကမ္ဘာ့ဘဏ်အနေနဲ့ မြန်မာနိုင်ငံမှာ သဘာဝ ဘေးတွေ ကျရောက်လာပါက အမြန်ဆုံး တုံ့ပြန်ဆောင်ရွက်ဖို့ ပံ့ပိုးပေးမယ်၊ ဒါမှလည်း မိသားစုဘဝတွေ လုံခြုံနိုင်မှာ ဖြစ်တဲ့အပြင် လုပ်ငန်းခွင်တွေဆီကို အမြန်ဆုံး ပြန်ဝင်နိုင်မှာ ဖြစ်တယ်လို့ အယ်လင် ဂိုးစတိန်းက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)