
0
905



>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကရင် နိုင်ငံရေးပါတီ သုံးပါတီ ပူးပေါင်း၊ ပါတီဟောင်းတွေကို ဖျက်သိမ်း

ကရင် ပါတီ သုံးခုဖြစ်တဲ့ ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကရင်ဒီမိုကရက်တစ်ပါတီနဲ့ စည်းလုံးညီညွတ်သော ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီတို့ ပူးပေါင်းပြီး ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ အဖြစ် မှတ်ပုံတင်လိုက်ပါတယ်။

အဲဒီလို ပါတီသစ်ထူထောင်ပြီး ပူးပေါင်းလိုက်တဲ့အတွက် ပါတီဟောင်း သုံးပါတီဖြစ်တဲ့ ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကရင်ဒီမိုကရက်တစ်ပါတီနဲ့ စည်းလုံးညီညွတ်သော ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီတို့ကို ဖျက်သိမ်းကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဖေဖော်ဝါရီ ၂၂ ရက်နေ့စွဲနဲ့ ကြေညာလိုက်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)