
0
878




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆိုင်ကလုန်း မုန်တိုင်းရာသီနဲ့ ပဋိပက္ခက မွတ်စလင် ကလေးငယ် ၇ သိန်းကျော်ကို ခြိမ်းခြောက်နေ

ရောက်ရှိလာတော့မယ့် ဆိုင်ကလုန်း မုန်တိုင်းရာသီနဲ့ ပဋိပက္ခတွေက ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းက မွတ်စလင် ကလေးငယ် ၇ သိန်း ၂ သောင်းရဲ့ လုံခြုံမှုကို ခြိမ်းခြောက်နေတယ်လို့ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) က သတိပေးလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ရှိ လူတွေ ကျပ်ညပ်နေတဲ့ ဒုက္ခသည်စခန်းက ခက်ခဲတဲ့ အခြေအနေမှာရှိတဲ့ ကလေးငယ် ၅၃၄၀ဝ၀ နဲ့ ရခိုင်ပြည်နယ်ထဲက ကလေူငယ် ၁၈၅၀ဝ၀ တို့ဟာ အဲဒီ ခြိမ်းခြောက်မှုကို ခံနေရတယ်လို့ ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ ယူနီဆက်ဖ် ကိုယ်စားလှယ် အက်ဒိုယာ့ဒ် ဘေဂက်ဘ်ဒါက ဒီနေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုပြီး လိုအပ်တဲ့ နေရာရွှေ့ပြောင်းမှုတွေ လုပ်ပေးဖို့လည်း ယူနီဆက်ဖ်က တောင်းဆိုထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)