ဘဂၤလားေဒ့ရွ္ ႏိုင္ငံသား ၂ ဦးအပါအဝင္ လူ ၅ ဦးဆီကို လုပ္ေသနတ္ ၁ လက္နဲ႔ မိ

0
910

ရခိုင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕နယ္၊ ေဂၚဒူသာရ ကမ္းေျခမွာ ဘဂၤလားေဒ့ရွ္ ႏိုင္ငံသား ၂ ဦးအပါအဝင္ လူ ၅ ဦးဆီကေန လုပ္ေသနတ္ ၁ လက္၊ ၁၂ ဗို႔က်ည္ ၁ ေတာင့္၊ ေငြက်ပ္ ၁၂ သိန္း ၈ ေသာင္း၊ ဘဂၤလားေဒ့ရွ္ တာကာေငြ ၁၀၅၀ တို႔နဲ႔အတူ ဖမ္းဆီးရမိပါတယ္။

လံုၿခံဳေရး တပ္ဖြဲ႔ဝင္ေတြက ေဖေဖာ္ဝါရီ ၂၂ ရက္ေန႔မွာ ဘဂၤလားေဒ့ရွ္ကို သြားမယ့္ ဟူေဆာင္းအာမက္၊ အာလီဟူဆိန္း၊ သူတို႔ဆီ ေရာက္ေနတဲ့ ဘဂၤလားေဒ့ရွ္ ႏိုင္ငံသား ၂ ဦး၊ ၿမိဳ႕မ ကညင္တန္းရပ္ကြက္ေန ေဆာ္ယူဆလန္တို႔ကို ဖမ္းမိခဲ့တာ ျဖစ္ပါတယ္။

လုပ္ေသနတ္နဲ႔ ေငြေတြဟာ ေဆာ္ယူဆလန္ရဲ႕ ပစၥည္းေတြ ျဖစ္ၿပီး ဖမ္းမိသူ ၅ ဦးဟာ ARSA အၾကမ္းဖက္အဖြဲ႔နဲ႔ ဆက္ႏႊယ္မႈ ရွိ၊ မရွိ စစ္ေဆးေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂ ဦးအပါအဝင် လူ ၅ ဦးဆီကို လုပ်သေနတ် ၁ လက်နဲ့ မိ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဂေါ်ဒူသာရ ကမ်းခြေမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂ ဦးအပါအဝင် လူ ၅ ဦးဆီကနေ လုပ်သေနတ် ၁ လက်၊ ၁၂ ဗို့ကျည် ၁ တောင့်၊ ငွေကျပ် ၁၂ သိန်း ၈ သောင်း၊ ဘင်္ဂလားဒေ့ရှ် တာကာငွေ ၁၀၅၀ တို့နဲ့အတူ ဖမ်းဆီးရမိပါတယ်။

လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်ကို သွားမယ့် ဟူဆောင်းအာမက်၊ အာလီဟူဆိန်း၊ သူတို့ဆီ ရောက်နေတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂ ဦး၊ မြို့မ ကညင်တန်းရပ်ကွက်နေ ဆော်ယူဆလန်တို့ကို ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

လုပ်သေနတ်နဲ့ ငွေတွေဟာ ဆော်ယူဆလန်ရဲ့ ပစ္စည်းတွေ ဖြစ်ပြီး ဖမ်းမိသူ ၅ ဦးဟာ ARSA အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွှယ်မှု ရှိ၊ မရှိ စစ်ဆေးနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)