
0
959




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နိုင်ငံရေးပါတီ နှစ်ခု မှတ်ပုံတင်ခွင့်ပြု

ပြည်သူ့ဘဝ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (People Life for Development Party) နဲ့ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ (Karen National Democratic Party) တို့ကို မှတ်ပုံတင်ခွင့် ပြုလိုက်ပါတယ်။

ဒီပါတီ နှစ်ခုကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၉ နဲ့အညီ နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ခွင့် ပြုတာ ဖြစ်ပါတယ်။

ပြည်သူ့ဘဝ ဖွံ့ဖြိုးတိုးတက်ရေးပါတီက ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မှာ ပါတီရုံးချုပ် ဖွင့်လှစ်ထားပြီး ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီကတော့ ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ပါတီရုံးချုပ် ဖွင့်လှစ်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)