
0
891




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အမေရိကန်ဒေါ်လာ သန်း ၂၀ တန်ဖိုးရှိ စီမံကိန်းများ ရခိုင်ပြည်နယ်မှာအကောင်ထည် ဖော်မယ်

မြန်မာ နဲ့ ဂျပန်အစိုးရကိုယ်စားလှယ်တွေ အပြင် ကုလသမဂ္ဂ အေဂျင်စီ ၇ ခု က တာဝန်ရှိသူတွေ ဟာ အမေရိကန်ဒေါ်လာ ၂၀ သန်း တန်ဖိုးရှိမယ့် ရခိုင်ပြည်နယ်မှာ လူတိုင်းအကျိုးရှိစေမယ့် စီမံကိန်းတွေ နဲ့ လူသားချင်းဆိုင်ရာအကူညီပေးရေး အကောင်ထည်ဖော်နိုင်အောင် ဆောင်ရွက်ချက်တွေ အတွက် သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ပါတယ်။

ကုလသမဂ္ဂအေဂျင်စီ ၇ ခုဟာ ရခိုင်ပြည်နယ် ဖွံဖြိုးရေးနဲ့ အစားစာတွေကို ကူညီထောက်ပံ့ ပေးသွားမှာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ရခိုင်ပြည်နယ်ရှိ လူ ၄၀ ရာခိုင်နှုန်းကျော်ဟာ ဆင်းရဲမှုနဲ့ရင်ဆိုင်နေရတာကြောင့် ဖွံဖြိုးတိုးတက်မှုတွေဖြစ်အောင် အကူညီပေးဖို့ စီစဉ်ဆောင်ရွက်တာလည်းဖြစ်ပါတယ်။

အခုအစီစဉ်ဟာ ငြိမ်းချမ်းရေးနဲ့ ဖွံဖြိုးတိုးတက်မှုတွေ ဖြစ်အောင် ရည်ရွယ်လုပ်ဆောင်တာလည်းဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)