
0
954





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တယ်လီနောမြန်မာ မြို့နယ်ပေါင်း ၁၃၀ မှာ 4G ကွန်ရက် လုပ်ဆောင်မယ်

တယ်လီနောမြန်မာ ကုမ္ပဏီဟာ မြန်မာနိုင်ငံ ရဲ့ မြို့ပေါင်း ၁၃၀ မှာ 4G ကွန်ရက် ဝန်ဆောင်မှုကို တိုးချဲ့ လုပ်ကိုင်သွားမှာဖြစ်ပါတယ်။

တယ်လီနောမြန်မာဟာ နှစ် ၇၀ ပြည့်ချင်းအမျိုးသားနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့က ချင်းပြည်နယ် ဟားခါးမြို့မှာ 4G စတင်လုပ်ဆောင်နိုင်ခဲ့ပါတယ်။

တယ်လီနောမြန်မာဟာ ချင်းပြည်နယ်ရှိ မြို့နယ် ၉ မြို့မှာ 2G 3G ကွန်ရက်တွေ သာ ဝန်ဆောင်မှု ပေးထားနိုင်တာပါ။ တယ်လီနောမြန်မာဟာ မြန်မာနိုင်ငံတဝန်းရှိ မြို့နယ်ပေါင်း ၁၃၀ မှာ 4G ကွန်ရက်ဝန် ဆောင်မှုပေးနိုင်အောင် စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

တယ်လီနောမြန်မာဟာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ အမေရိကန် ဒေါ်လာ ၈၀ သန်းနောက်ထပ် ရင်းနှီးမြှုပ်နှံပြီး 4G ကွန်ရက် ဖြန့်ကြတ်နိုင်အောင် စတင်လုပ်ဆောင်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)