ဘဂၤလားေဒ့ရွ္နဲ႔ မြတ္စလင္ ဒုကၡသည္ေတြကို ျပည္ႏွင္ဒဏ္ေပးဖို႔ ဂ်မူးျပည္နယ္မွာ ေတာင္းဆို

0
994

အိႏၵိယႏိုင္ငံ၊ ဂ်မူးနဲ႔ ကက္ရွ္မီးယားမွာ ဝင္ေရာက္ေနထိုင္ေနတဲ့ ဘဂၤလားေဒ့ရွ္ေတြနဲ႔ မြတ္စလင္ ဒုကၡသည္ေတြကို ျပည္နယ္ထဲက ႏွင္ထုတ္ဖို႔ ေတာင္းဆိုေနၿပီး အဲဒီကိစၥမွာ အိႏၵိယ ႏိုင္ငံေရးပါတီႏွစ္ခု ထိပ္တိုက္ ေတြ႕ေနပါတယ္။

ဘာရာတိယ ဂ်နာတာ ပါတီ (BJP) ေထာက္ခံသူေတြကက အဲဒီ ဒုကၡသည္ေတြဟာ ဟာ စစ္ေသြးၾကြေတြကို ေထာက္ခံတယ္လို႔ စြပ္စြဲကာ ျပည္ႏွင္ဖို႔ ေတာင္းဆိုေနၿပီး ျပည့္သူ႔ ဒီမိုကရက္တစ္ပါတီ (PDP) ကေတာ့ ျမန္မာျပည္က ဝင္လာတဲ့ မြတ္စလင္ေတြဟာ ႏိုင္ငံတကာ ဥပေဒအရ အကာအကြယ္ေပးထားတယ္လို႔ ခုခံေျပာဆိုပါတယ္။ မေန႔က ေဖေဖာ္ဝါရီ ၂၂ မွာ BJP က ဒုကၡသည္ေတြကို ဂ်မူးနဲ႔ ကက္ရွ္မီးယား အစိုးရအေနနဲ႔ ျပည္နယ္ထဲက ႏွင္ထုတ္ဖို႔ ေတာင္းဆိုခဲ့ၾကပါတယ္။

ဂ်မူးနဲ႔ ကက္ရွ္မီးယားျပည္နယ္မွာ အကဲဆတ္ၿပီး အေျခအေန မေကာင္းတာေၾကာင့္ ျပည္နယ္အတြင္း ဂ်ီဟတ္ အၾကမ္းဖက္သမားေတြနဲ႔ ထိခိုက္ေအာင္လုပ္မယ့္ ပါကစၥတန္ရဲ႕ မဟာဗ်ဴဟာေၾကာင့္ ဒီဒုကၡသည္ေတြကို ႏွင္ထုတ္သင့္တာ ျဖစ္တယ္လို႔ BJP ေျပာခြင့္ရသူ ပါေမာကၡ ဗီရင္ဒါ ဂုပၸတားက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘင်္ဂလားဒေ့ရှ်နဲ့ မွတ်စလင် ဒုက္ခသည်တွေကို ပြည်နှင်ဒဏ်ပေးဖို့ ဂျမူးပြည်နယ်မှာ တောင်းဆို

အိန္ဒိယနိုင်ငံ၊ ဂျမူးနဲ့ ကက်ရှ်မီးယားမှာ ဝင်ရောက်နေထိုင်နေတဲ့ ဘင်္ဂလားဒေ့ရှ်တွေနဲ့ မွတ်စလင် ဒုက္ခသည်တွေကို ပြည်နယ်ထဲက နှင်ထုတ်ဖို့ တောင်းဆိုနေပြီး အဲဒီကိစ္စမှာ အိန္ဒိယ နိုင်ငံရေးပါတီနှစ်ခု ထိပ်တိုက် တွေ့နေပါတယ်။

ဘာရာတိယ ဂျနာတာ ပါတီ (BJP) ထောက်ခံသူတွေကက အဲဒီ ဒုက္ခသည်တွေဟာ ဟာ စစ်သွေးကြွတွေကို ထောက်ခံတယ်လို့ စွပ်စွဲကာ ပြည်နှင်ဖို့ တောင်းဆိုနေပြီး ပြည့်သူ့ ဒီမိုကရက်တစ်ပါတီ (PDP) ကတော့ မြန်မာပြည်က ဝင်လာတဲ့ မွတ်စလင်တွေဟာ နိုင်ငံတကာ ဥပဒေအရ အကာအကွယ်ပေးထားတယ်လို့ ခုခံပြောဆိုပါတယ်။ မနေ့က ဖေဖော်ဝါရီ ၂၂ မှာ BJP က ဒုက္ခသည်တွေကို ဂျမူးနဲ့ ကက်ရှ်မီးယား အစိုးရအနေနဲ့ ပြည်နယ်ထဲက နှင်ထုတ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဂျမူးနဲ့ ကက်ရှ်မီးယားပြည်နယ်မှာ အကဲဆတ်ပြီး အခြေအနေ မကောင်းတာကြောင့် ပြည်နယ်အတွင်း ဂျီဟတ် အကြမ်းဖက်သမားတွေနဲ့ ထိခိုက်အောင်လုပ်မယ့် ပါကစ္စတန်ရဲ့ မဟာဗျူဟာကြောင့် ဒီဒုက္ခသည်တွေကို နှင်ထုတ်သင့်တာ ဖြစ်တယ်လို့ BJP ပြောခွင့်ရသူ ပါမောက္ခ ဗီရင်ဒါ ဂုပ္ပတားက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)