ရန္ကုန္ ဘူတာႀကီး အဆင့္ျမႇင့္ေရး စာခ်ဳပ္ခ်ဳပ္ၿပီး ၈ ႏွစ္ အၾကာမွာ ၿပီးစီးမယ္

0
970

အေမရိကန္ ေဒၚလာ ၃ ဘီလီယံ နီးပါး ရင္းႏွီးျမွဳပ္ႏွံမယ့္ ရန္ကုန္ဘူတာႀကီး ဘက္စံုအဆင့္ျမႇင့္တင္ေရး စီမံကိန္းဟာ တင္ဒါေအာင္တဲ့ ကုမၸဏီတဲ့ ကုမၸဏီနဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုအၿပီး ၈ ႏွစ္အၾကာမွာ စီမံကိန္း အလံုးစံု ၿပီးစီးဖို႔ လ်ာထားပါတယ္။

အခုအဆင့္က တင္ဒါေအာင္ ကုမၸဏီအဖြဲ႔ကို ေရြးခ်ယ္တဲ့အဆင့္သာ ျဖစ္ၿပီး ႏိုင္ငံေတာ္က လိုလားခ်က္ေတြကို ေစ့စပ္ညွိႏိႈင္းမႈ အဆင့္ဆင့္ ျပဳလုပ္ၿပီးလို႔ သေဘာတူညီ စာခ်ဳပ္ခ်ဳပ္ႏိုင္တဲ့အခါမွ အဲဒီအခ်ိန္ကေန ၈ ႏွစ္အၾကာမွာ ၿပီးစီးမွာ ျဖစ္တယ္လို႔ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရး ဝန္ႀကီးဌာန၊ ျမန္မာ့မီးရထား (ေအာက္ျမန္မာျပည္) အေထြေထြ မန္ေနဂ်ာ ဦးထြန္းေအာင္သင္းက ေျပာပါတယ္။

လက္ရွိမွာ ရန္ကုန္ဘူတာႀကီး ဘက္စံုအဆင့္ျမွင့္တင္ေရး စီမံကိန္း အဆိုျပဳတင္ဒါကို Oxley Holdings, Min Dhama Co., Ltd & Sino Great Wall Co.,Ltd တို႔ပါဝင္တဲ့ Consortium အဖြဲ႔က တင္ဒါ ေအာင္ျမင္ထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရန်ကုန် ဘူတာကြီး အဆင့်မြှင့်ရေး စာချုပ်ချုပ်ပြီး ၈ နှစ် အကြာမှာ ပြီးစီးမယ်

အမေရိကန် ဒေါ်လာ ၃ ဘီလီယံ နီးပါး ရင်းနှီးမြှုပ်နှံမယ့် ရန်ကုန်ဘူတာကြီး ဘက်စုံအဆင့်မြှင့်တင်ရေး စီမံကိန်းဟာ တင်ဒါအောင်တဲ့ ကုမ္ပဏီတဲ့ ကုမ္ပဏီနဲ့ စာချုပ်ချုပ်ဆိုအပြီး ၈ နှစ်အကြာမှာ စီမံကိန်း အလုံးစုံ ပြီးစီးဖို့ လျာထားပါတယ်။

အခုအဆင့်က တင်ဒါအောင် ကုမ္ပဏီအဖွဲ့ကို ရွေးချယ်တဲ့အဆင့်သာ ဖြစ်ပြီး နိုင်ငံတော်က လိုလားချက်တွေကို စေ့စပ်ညှိနှိုင်းမှု အဆင့်ဆင့် ပြုလုပ်ပြီးလို့ သဘောတူညီ စာချုပ်ချုပ်နိုင်တဲ့အခါမှ အဲဒီအချိန်ကနေ ၈ နှစ်အကြာမှာ ပြီးစီးမှာ ဖြစ်တယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ မြန်မာ့မီးရထား (အောက်မြန်မာပြည်) အထွေထွေ မန်နေဂျာ ဦးထွန်းအောင်သင်းက ပြောပါတယ်။

လက်ရှိမှာ ရန်ကုန်ဘူတာကြီး ဘက်စုံအဆင့်မြှင့်တင်ရေး စီမံကိန်း အဆိုပြုတင်ဒါကို Oxley Holdings, Min Dhama Co., Ltd & Sino Great Wall Co.,Ltd တို့ပါဝင်တဲ့ Consortium အဖွဲ့က တင်ဒါ အောင်မြင်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)