
0
944




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မွတ်စလင် ဒုက္ခသည်စခန်းထဲ တောဆင်ရိုင်း ဝင်လို့ ၂ ဦးသေ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မွတ်စလင် ဒုက္ခသည်စခန်း တစ်ခုမှာ ဖေဖော်ဝါရီ ၂၂ ရက်နေ့က တောဆင်ရိုင်းဝင်လို့ ကလေးငယ် တစ်ဦး အပါအဝင် ၂ ဦး သေဆုံးသွားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ကောက်ဘဇား အရှေ့တောင်ဘက် မွတ်စလင် ဒုက္ခသည်တွေ ထောင်ပေါင်းများစွာရှိတဲ့ ကူတူပါလောင် ဒုက္ခသည်စခန်းထဲကို တောဆင်ရိုင်း ဝင်ခဲ့တာဖြစ်ပါတယ်။

မွတ်စလင် ဒုက္ခသည် ကလေးတစ်ဦး သေပါတယ်။ ဒုက္ခသည်တွေနဲ့ ဒေသခံရွာသားတွေက ဆင်ကို ခြောက်လှန့် မောင်းထုတ်ချိန်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတစ်ဦး ထပ်ပြီး သေဆုံးပါတယ်လို့ ပြည်နယ် သစ်တောဌာန အကြီးအကဲ အလီ ကဘီရာက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)