ထိုင္းက တရားမဝင္ တင္သြင္းတဲ့ ဝက္ေတြေၾကာင့္ ျမန္မာ ဝက္ေမြးသူေတြ ေစ်းကြက္ ေပ်ာက္

0
1057

ထိုင္းႏိုင္ငံကေန ဝက္ေတြ တရားမဝင္ တင္သြင္းေနတာေၾကာင့္ ျမန္မာေစ်းကြက္ထဲမွာ ယွဥ္ၿပိဳင္မႈ ျမင့္ေနၿပီး ျမန္မာ ဝက္ေမြးသူေတြ အေနနဲ႔ ေစ်းကြက္ ေပ်ာက္ေနပါတယ္။

ထိုင္း-ျမန္မာ နယ္စပ္ကေန တစ္ေန႔ကို ဝက္ေကာင္ေရ ၅၀၀ ေလာက္ တရားမဝင္ တင္သြင္းေနတဲ့အတြက္ ျမန္မာျပည္တြင္းက ဝက္ေမြးျမဴသူေတြ ေစ်းကြက္ေပ်ာက္တာ ျဖစ္တယ္လို႔ ယူကရိန္း အေျခစိုက္ ေစ်းကြက္ ဝက္ဘ္ဆိုက္ တစ္ခုျဖစ္တဲ့ ဘလက္ခ္ ဆီးဂရိန္က ေဖာ္ျပပါတယ္။

အရည္အေသြးအရေရာ ေစ်းႏႈန္းအရပါ ထိုင္းႏိုင္ငံက တင္သြင္းတဲ့ ဝက္ကို မယွဥ္ႏိုင္ဘူးလို႔ ဝက္ေမြးျမဴေရးသမား ဦးျမင့္လိႈင္က ေျပာပါတယ္။ ထိုင္း ဝက္ေမြးျမဴသူေတြက စီးပြားျဖစ္ အႀကီးအက်ယ္ လုပ္ကိုင္တဲ့အတြက္ ျမန္မာႏိုင္ငံက တစ္ႏိုင္တစ္ပိုင္၊ လုပ္ငန္းအေသး လုပ္တဲ့ ဝက္ေမြးျမဴသူေတြက ေစ်းကြက္မွာ မယွဥ္ႏိုင္တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ထိုင်းက တရားမဝင် တင်သွင်းတဲ့ ဝက်တွေကြောင့် မြန်မာ ဝက်မွေးသူတွေ ဈေးကွက် ပျောက်

ထိုင်းနိုင်ငံကနေ ဝက်တွေ တရားမဝင် တင်သွင်းနေတာကြောင့် မြန်မာဈေးကွက်ထဲမှာ ယှဉ်ပြိုင်မှု မြင့်နေပြီး မြန်မာ ဝက်မွေးသူတွေ အနေနဲ့ ဈေးကွက် ပျောက်နေပါတယ်။

ထိုင်း-မြန်မာ နယ်စပ်ကနေ တစ်နေ့ကို ဝက်ကောင်ရေ ၅၀ဝ လောက် တရားမဝင် တင်သွင်းနေတဲ့အတွက် မြန်မာပြည်တွင်းက ဝက်မွေးမြူသူတွေ ဈေးကွက်ပျောက်တာ ဖြစ်တယ်လို့ ယူကရိန်း အခြေစိုက် ဈေးကွက် ဝက်ဘ်ဆိုက် တစ်ခုဖြစ်တဲ့ ဘလက်ခ် ဆီးဂရိန်က ဖော်ပြပါတယ်။

အရည်အသွေးအရရော ဈေးနှုန်းအရပါ ထိုင်းနိုင်ငံက တင်သွင်းတဲ့ ဝက်ကို မယှဉ်နိုင်ဘူးလို့ ဝက်မွေးမြူရေးသမား ဦးမြင့်လှိုင်က ပြောပါတယ်။ ထိုင်း ဝက်မွေးမြူသူတွေက စီးပွားဖြစ် အကြီးအကျယ် လုပ်ကိုင်တဲ့အတွက် မြန်မာနိုင်ငံက တစ်နိုင်တစ်ပိုင်၊ လုပ်ငန်းအသေး လုပ်တဲ့ ဝက်မွေးမြူသူတွေက ဈေးကွက်မှာ မယှဉ်နိုင်တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)