ဥေရာပ သမဂၢက တပ္မေတာ္ ေခါင္းေဆာင္ပိုင္းကို ပိတ္ဆို႔ အေရးယူမယ္

0
283

ရခိုင္ျပည္နယ္ ပဋိပကၡနဲ႔ ပတ္သက္လို႔ ဥေရာပ သမဂၢႏိုင္ငံျခားေရး ဝန္ႀကီးေတြက ပိတ္ဆို႔အေရးယူႏိုင္ဖြယ္ရွိတဲ့ တပ္မေတာ္ ေခါင္းေဆာင္ပိုင္း စာရင္းကို လာမယ့္ သီတင္းပတ္အတြင္း ျပဳစုဖို႔ ျပင္ဆင္ေနပါတယ္။

ရခိုင္ျပည္နယ္မွာ ႏွိပ္ကြပ္မႈေတြနဲ႔ ပတ္သက္လို႔ တပ္မေတာ္ရဲ႕ တာဝန္ခံမႈအလိုက္ အတိုင္းအတာအရ ခရီးသြားခြင့္ ပိတ္ပင္တာနဲ႔ ပိုင္ဆိုင္မႈေတြကို ထိန္းခ်ဳပ္တာေတြကို အေမရိကန္နဲ႔ ကေနဒါတို႔အတိုင္း လုပ္မွာ ျဖစ္ပါတယ္။

လူ႔အခြင့္အေရး စနစ္တက် ခ်ိဳးေဖာက္မႈအတြက္ တပ္မေတာ္ အဆင့္ျမင့္ အရာရွိပိုင္းကို ေႏွာင့္ေႏွးမႈ မရွိဘဲ ကန္႔သတ္မႈေတြ အဆိုျပဳဖို႔ ဥေရာပ သမဂၢ ႏိုင္ငံျခားေရးရာ အဆင့္ျမင့္ကိုယ္စားလွယ္ မစၥ ဖက္ေဒရီကာ မိုေဂရီနီကို ဥေရာပ သမဂၢ ႏိုင္ငံျခားေရး ဝန္ႀကီးေတြက ေတာင္းဆိုမွာျဖစ္တယ္လို႔ သံတမန္ တစ္ဦးက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဥရောပ သမဂ္ဂက တပ်မတော် ခေါင်းဆောင်ပိုင်းကို ပိတ်ဆို့ အရေးယူမယ်

ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်လို့ ဥရောပ သမဂ္ဂနိုင်ငံခြားရေး ဝန်ကြီးတွေက ပိတ်ဆို့အရေးယူနိုင်ဖွယ်ရှိတဲ့ တပ်မတော် ခေါင်းဆောင်ပိုင်း စာရင်းကို လာမယ့် သီတင်းပတ်အတွင်း ပြုစုဖို့ ပြင်ဆင်နေပါတယ်။

ရခိုင်ပြည်နယ်မှာ နှိပ်ကွပ်မှုတွေနဲ့ ပတ်သက်လို့ တပ်မတော်ရဲ့ တာဝန်ခံမှုအလိုက် အတိုင်းအတာအရ ခရီးသွားခွင့် ပိတ်ပင်တာနဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်တာတွေကို အမေရိကန်နဲ့ ကနေဒါတို့အတိုင်း လုပ်မှာ ဖြစ်ပါတယ်။

လူ့အခွင့်အရေး စနစ်တကျ ချိုးဖောက်မှုအတွက် တပ်မတော် အဆင့်မြင့် အရာရှိပိုင်းကို နှောင့်နှေးမှု မရှိဘဲ ကန့်သတ်မှုတွေ အဆိုပြုဖို့ ဥရောပ သမဂ္ဂ နိုင်ငံခြားရေးရာ အဆင့်မြင့်ကိုယ်စားလှယ် မစ္စ ဖက်ဒေရီကာ မိုဂေရီနီကို ဥရောပ သမဂ္ဂ နိုင်ငံခြားရေး ဝန်ကြီးတွေက တောင်းဆိုမှာဖြစ်တယ်လို့ သံတမန် တစ်ဦးက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)