
0
324




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

၂၀၁၇ ခုနှစ်မှာ မြန်မာနိုင်ငံ အကျင့်ပျက်ခြစားမှု အညွှန်းကိန်း အဆင့် ၁၃၀ ရှိ

နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့ (TI) ရဲ့ ၂၀၁၇ ခုနှစ် အကျင့်ပျက်ခြစားမှု အညွှန်းကိန်း ထုတ်ပြန်ချက်အရ နိုင်ငံပေါင်း ၁၈၀ အနက် မြန်မာက အဆင့် ၁၃၀ မှာ ရှိပါတယ်။

၂၀၁၆ ခုနှစ်တုန်းက မြန်မာနိုင်ငံက အကျင့်ပျက်ခြစားမှု အညွှန်းကိန်း ၁၃၆ ရှိတဲ့အတွက် အဆင့် ၆ ဆင့် မြင့်တက်လာတာ ဖြစ်ပါတယ်။ အိမ်နီးချင်း နိုင်ငံတွေမှာတော့ အကျင့်ပျက် ခြစားမှုမှာ အိန္ဒိယက တရုတ်နဲ့ ဘူတန်ထက် ဆိုးရွားတဲ့ အနေအထားရှိပါတယ်။ အိန္ဒိယက အဆင့် ၈၁ ဖြစ်ပြီး တရုတ်က အဆင့် ၇၇၊ ဘူတန်က အဆင့် ၆၇ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်က အဆင့် ၁၄၃၊ ပါကစ္စတန်က အဆင့် ၁၁၇၊ သီရိလင်္ကာက အဆင့် ၉၁ ဖြစ်ပါတယ်။

အကျင့်ပျက်ခြစားမှု အနည်းဆုံးအဖြစ် ထိပ်ဆုံးအဆင့် နိုင်ငံတွေကတော့ နယူးဇီလန်၊ ဒိန်းမတ်၊ ဖင်လန်၊ နော်ဝေ၊ ဆွစ်ဇာလန်နဲ့ စင်ကာပူတို့ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)