လူမ်ိဳးစု ရွင္းလင္းေရး ျဖစ္ရတာ အမုန္းတရား အားေပးမႈေၾကာင့္ ျဖစ္

0
338

ရခိုင္ျပည္နယ္ ပဋိပကၡမွာ လူမ်ိဳးစု ရွင္းလင္းေရး ျဖစ္တာ လူ႔အဖြဲ႔အစည္းအတြင္း အမုန္းတရား အားေပးမႈ၊ တစ္ျခားသူ အျပစ္အတြက္ ၾကားလူကို ဒဏ္ေပးမႈနဲ႔ တျခား လူနည္းစုေတြကို ေၾကာက္ရြံ႕မႈေတြေၾကာင့္ ျဖစ္တယ္လို႔ ႏိုင္ငံတကာ လြတ္ၿငိမ္းခ်မ္းသာခြင့္ အဖြဲ႔ (AI) ရဲ႕ အစီရင္ခံစာက သံုးသပ္ပါတယ္။

မေန႔က ေဖေဖာ္ဝါရီ ၂၂ မွာ ထုတ္ျပန္တဲ့ AI ရဲ႕ အစီရင္ခံစာမွာႏိုင္ငံေပါင္း ၁၅၉ ႏိုင္ငံက လူ႔အခြင့္အေရး အေျခအေနေတြကို သံုးသပ္ တင္ျပထားပါတယ္။ လူ႔အသိုင္းအဝိုင္းအတြင္း တရားမွ်တမႈရွိေရး ပံုမွန္ လႈပ္ရွားတဲ့ လံႈ႔ေဆာ္မႈေတြ လုပ္မွသာ ဖိႏွိပ္မႈေတြ ေလ်ာ့ပါးဖို႔ တကယ့္ ေမွ်ာ္လင့္ခ်က္ ျဖစ္တယ္လုိ႔ AI က ေဖာ္ျပပါတယ္။

အေမရိကန္ အစိုးရကိုယ္တိုင္က မြတ္စလင္ႀကီးစိုးတဲ့ ႏိုင္ငံအမ်ားအျပားက လူေတြကို ျပည္ဝင္ခြင့္ တင္းက်ပ္တဲ့ အမုန္းတရားပါတဲ့ လႈပ္ရွားမႈေတြ လုပ္ခဲ့ေၾကာင္း၊ ေခါင္းေဆာင္ပိုင္းေတြက အႏၱရာယ္ အမ်ားဆံုး ဆံုးျဖတ္ခ်က္အျဖစ္ အမုန္းတရား ႏိုင္ငံေရး လုပ္ေနေၾကာင္း AI အေထြေထြ အတြင္းေရးမႉးခ်ဳပ္ ဆာလယ္ ရွတ္တီက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လူမျိုးစု ရှင်းလင်းရေး ဖြစ်ရတာ အမုန်းတရား အားပေးမှုကြောင့် ဖြစ်

ရခိုင်ပြည်နယ် ပဋိပက္ခမှာ လူမျိုးစု ရှင်းလင်းရေး ဖြစ်တာ လူ့အဖွဲ့အစည်းအတွင်း အမုန်းတရား အားပေးမှု၊ တစ်ခြားသူ အပြစ်အတွက် ကြားလူကို ဒဏ်ပေးမှုနဲ့ တခြား လူနည်းစုတွေကို ကြောက်ရွံ့မှုတွေကြောင့် ဖြစ်တယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (AI) ရဲ့ အစီရင်ခံစာက သုံးသပ်ပါတယ်။

မနေ့က ဖေဖော်ဝါရီ ၂၂ မှာ ထုတ်ပြန်တဲ့ AI ရဲ့ အစီရင်ခံစာမှာနိုင်ငံပေါင်း ၁၅၉ နိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေကို သုံးသပ် တင်ပြထားပါတယ်။ လူ့အသိုင်းအဝိုင်းအတွင်း တရားမျှတမှုရှိရေး ပုံမှန် လှုပ်ရှားတဲ့ လှုံ့ဆော်မှုတွေ လုပ်မှသာ ဖိနှိပ်မှုတွေ လျော့ပါးဖို့ တကယ့် မျှော်လင့်ချက် ဖြစ်တယ်လို့ AI က ဖော်ပြပါတယ်။

အမေရိကန် အစိုးရကိုယ်တိုင်က မွတ်စလင်ကြီးစိုးတဲ့ နိုင်ငံအများအပြားက လူတွေကို ပြည်ဝင်ခွင့် တင်းကျပ်တဲ့ အမုန်းတရားပါတဲ့ လှုပ်ရှားမှုတွေ လုပ်ခဲ့ကြောင်း၊ ခေါင်းဆောင်ပိုင်းတွေက အန္တရာယ် အများဆုံး ဆုံးဖြတ်ချက်အဖြစ် အမုန်းတရား နိုင်ငံရေး လုပ်နေကြောင်း AI အထွေထွေ အတွင်းရေးမှူးချုပ် ဆာလယ် ရှတ်တီက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)