NPRC က အဆိုပြုထားတဲ့ အမေရိကန်ဒေါ်လာ ၂ သန်းခွဲ ခွင့်ပြုပေးဖို့ JCB အစည်းအဝေး သဘောတူ

0
301

နိုင်ငံအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာ(NPRC)ကို အဆိုပြုတင်ပြထားတဲ့အတိုင်း အမေရိကန်ဒေါ်လာ ၂ သန်းခွဲပေးဖို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (JCB)က ဆုံးဖြတ်လိုက်ပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ JCB အစည်းအဝေးမှာ အဲဒီလို သဘောတူဆုံး ဖြတ်လိုက်တာပါ။

NPRC အပြင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC)အတွက်လည်း လိုအပ်နေတဲ့ အမေရိကန်ဒေါ်လာ ၆ သန်းခွဲ ထောက်ပံ့သွားမှာ ဖြစ်ပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ CT ရုံးတွေအတွက် အမေရိကန်ဒေါ်လာ ၄.၇ သန်း ခွင့်ပြုပေးဖို့ သဘောတူညီခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပလုပ်လုပ်ဖို့ NPRC က အမြင့်ဆုံးအနေနဲ့ ခွင့်ပြုရန်ပုံငွေ ကျပ် သိန်း ၆၀၀ အထိ သတ်မှတ်ပေးပြီး၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပရင် တစ်နေရာနဲ့တစ်နေရာ အသုံးစရိတ်ပေါ်မူတည်ပြီး ကွာဟမှုမရှိအောင် အလေးထားဆောင်ရွက်ဖို့လည်း JVB အစည်းအဝေးမှာ သဘောတူခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)