JCB မှာ အစိုးဘက်က ၁၀ ဦး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဘက်က ၁၀ ဦးနဲ့ ပြင်ဆင်ဖွဲ့စည်းဖို့ သဘောတူ

0
349

ငြိမ်းချမ်းရေးဆိုင်ရာ ရန်ပုံငွေ ညှိနှိုင်းဆောင်ရွက်ရေး ပူးတွဲအဖွဲ့ (JCB)ကို အစိုးရဘက်က ၁၀ ဦး(ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင် ကိုးဦး)၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေဘက်က ၁၀ ဦးနဲ့ ပြင်ဆင်ဖွဲ့စည်းဖို့ ဒီကနေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ ကျင်းပတဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ရန်ပုံငွေ ညှိနှိုင်းဆောင်ရွက်ရေး ပူးတွဲအဖွဲ့ အစည်းအဝေးမှာ သဘောတူ ဆုံးဖြတ်လိုက်ပါတယ်။

အဲဒီအစည်းအဝေးကို ဒီကနေ့ ၁၀ နာရီက နေပြည်တော်မှာ ကျင်းပပြီး JCB ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဆွေးနွေးခဲ့တာပါ။

နိုင်ငံအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းတွေ ဖော်ဆောင်ရေးအတွက် ရန်ပုံငွေ ခွဲဝေဖို့အတွက် ငြိမ်းချမ်းရေးဆိုင်ရာ ရန်ပုံငွေညှိနှိုင်းဆောင်ရွက်ရေး ပူးတွဲအဖွဲ့ (JCB)ကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်နေ့မှာ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့ကျင်းပတဲ့ JCB အစည်းအဝေးမှာ အချက် ခြောက်ချက် သဘောတူဆုံးဖြတ်ခဲ့တာဖြစ်ပြီး ကျန် အချက် ငါးချက်ကတော့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို ရန်ပုံငွေခွင့်ပြုချက်ဆိုင်ရာ သဘောတူညီချက်တွေ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)