နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သံတမန်အရာရှိသုံးဦး ရခိုင်ပြည်နယ်အရေး ဆွေးနွေး

0
332

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သံတမန်ရေးရာ အရာရှိသုံးဦးတို့ဟာ ဒီကနေ့ ဖေဖော်ဝါရီ ၂၃ ရက်မှာ တွေ့ဆုံပြီး ရခိုင်ပြည်နယ်အရေး ဆွေးနွေးခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒိန်းမတ်သံအမတ်ကြီး၊ အမေရိကန် သံအမတ်ကြီးနဲ့ ဗြိတိန်သံရုံး ဒုတိယအကြီးအကဲတို့ကို ဒီကနေ့မှာ တွေ့ဆုံခဲ့တာပါ။

အဲဒီလို တွေ့ဆုံစဉ်မှာ ရခိုင်ပြည်နယ်နဲ့စပ်လျဉ်းတဲ့ ကိစ္စတွေအပြင် ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ တိုးတက်မှုတွေကို ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)