၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ ၀န်ထမ်းအိမ်ရာပေါင်း ၅၀၀၀ ကျော် တည်ဆောက်မယ်

0
301

တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှာ ၀န်ထမ်းအိမ်ရာတွေ တည်ဆောက်ဖို့အတွက် ငွေကျပ် သန်းပေါင်း ၉၁၀၀ လျာထား တောင်းဆိုထားပြီး ၀န်ထမ်း အိမ်ရာပေါင်း ၅၀၀၀ ကျော် တည်ဆောက် သွားမှာဖြစ်တယ်လို့ ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားလိုက်ပါတယ်။

ဒီကနေ့ မနက်က ကျင်းပတဲ့ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး ၁၃ ရက်မြောက်နေ့မှာ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးအေးမင်းဟန်ရဲ့“မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးရုံးမှာ တာဝန်ထမ်း ဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ နေထိုင်ဖို့ အတွက် ဝန်ထမ်းအိမ်ရာတွေ ဆောက်လုပ်ပေးဖို့ အစီအစဉ်ရှိ၊ မရှိ” မေးခွန်းအပေါ်မှာ အခုလို ဖြေကြားလိုက်တာပါ။

ဒါ့အပြင် ပြည်ထောင်စုဝန်ကြီးက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွေမှာ ၀န်ထမ်းအိမ်ရာ တည်ဆောက်မယ့် ဘဏ္ဍာငွေကို နှစ်ဆ(သို့မဟုတ်)သုံးဆပိုပြီး တင်ပြတောင်းခံမှာ ဖြစ်တယ်လို့ ဝန်ကြီးကပြောပါတယ်။

ဒါ့အပြင်၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှ စတင်ပြီး နှစ်စဉ်စီမံကိန်းတွေမှာ ၀န်ထမ်းအိမ်ရာ ရရှိရေးအတွက် ဦးစားပေးအစီအစဉ်အနေနဲ့ ရန်ပုံငွေရရှိဖို့ တင်ပြဆောင်ရွက်သွား မှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)