မတ္တရာမြို့အဝင်မှာ ရတနာပုံ မှန်လုံကားတစ်စီး တိမ်းမှောက်လို့ လူတချို့ ဒဏ်ရာရရှိ

0
303

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့အဝင်မှာ ဒီကနေ့ ဖေဖော်ဝါရီလ (၂၃) ရက်နေ့ ညနေပိုင်းက ရတနာပုံ မှန်လုံကားတစ်စီး တိမ်းမှောက်လို့ လူတချို့ ဒဏ်ရာရရှိတယ်လို့ မတ္တရာမြို့မရဲစခန်းကနေ သိရပါတယ်။

ရတနာပုံ မှန်လုံကားတစ်စီး တိမ်းမှောက်ခဲ့တဲ့နေရာကို မတ္တရာမြို့မရဲစခန်း တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးနေကြပြီး လူသေဆုံးမှု ရှိ/မရှိ ဆိုတာကတော့ အခုချိန်မှာ မပြောနိုင်သေးဘူလို့လည်း ပြောပါတယ်။

အဲဒီရတနာပုံ မှန်လုံကားတစ်စီး တိမ်းမှောက်ခဲ့တဲ့ ကားပေါ်မှာဆိုရင် ကားစပရာအပါအ၀င် ခရီးသည် ၅ ဦးခန့်လိုက်ပါ စီးနင်းခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)