ရှေးဟောင်းဘုရားတွေ ခိုးသွားတဲ့ လူနှစ်ဦးကို လားရှိုးမှာ ဖမ်းမိ

0
317

ရှမ်းပြည်နယ် လားရှိုးမြို့နယ် လွယ်ဝိန်းဘုန်းတော်ကြီးကျောင်းကနေ ရှေးပောာင်းဘုရားတွေ ခိုးယူသွားခဲ့တဲ့ လူနှစ်ဦးကို ဖေဖော်ဝါရီလ (၂၁)ရက်နေ့ ဖမ်းဆီးရမိခဲ့ပါတယ်။

ကိုအောင်ဆာ (၂၀) နှစ် ပန်ပာုမ်းရွာ၊ ကိုလောက်ဖျင်း (၁၉)နှစ် မန်အိုင်ရွာနေထိုင်သူတွေဟာ ရှေးပောာင်းဘုရားတွေကို ခိုးယူလာပြီးနောက် လားရှိုးမြို့မဈေးထဲမှာ ရောက်ရှိလာပြီး သူတို့နှစ်ဦး ယူဆောင်လာခဲ့တဲ့ ကျေားပိုးအိတ်နှစ်လုံးကို ဈေးတာဝန်ကျ ရဲတွေက ရှာဖွေစစ်ဆေးရာမှာ အခုလို ဖမ်းဆီးရမိခဲ့တာလည်းဖြစ်ပါတယ်။

လားရှိုးမြို့မရဲစခန်းက ကိုအောင်ဆာနဲ့ ကိုလောက်ဖျင်းတို့ နှစ်ဦးစလုံးကို ပုဒ်မ ၃၈၀ /၂၉၅အရ အမှုဖွင့် အရေးယူထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)