ထိုင်းမှာ ခိုလှုံနေတဲ့ မွန်တိုင်းရင်းသားတွေကို မြန်မာနိုင်ငံထဲ ပြန်ပို့မယ်လို့ ထိုင်းအာဏာပိုင်တွေ ပြော

0
372

ထိုင်းနိုင်ငံ ကက်ချနာဘူရီပြည်နယ်မှာ သွားရောက်ခိုလှုံနေတဲ့ စစ်ဘေးရှောင် မွန်တိုင်းရင်းသား ၁၀၀ ကို မြန်မာနိုင်ငံမှာ တပ်မတော်နဲ့ မွန်တိုင်းရင်းသားလက်နက်အဖွဲ့ တင်းမာမှုတွေ ပြန်လည်ပြေလျော့သွားရင် နေရပ်ပြန်ပို့မယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။

ထိုင်း-မြန်မာ နယ်စပ်က ဘုရားသုံးဆူဒေသမှာ တပ်မတော်နဲ့ မွန်ပြည်သစ်ပါတီကြား တင်းမာမှုတွေ ဖြစ်ခဲ့တဲ့အတွက် ဒေသခံတိုင်းရင်းသားတွေဟာ နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံမှာ သွားရောက် ခိုလှုံခဲ့ကြတာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဆန်ခါလာဘူရီခရိုင်က ဝပ်ဆောင်ကာရီယာထရိုင်နီမစ်ဝါနာရမ် ဘုန်းကြီးကျောင်းမှာ ခိုလှုံတဲ့ စစ်ဘေးရှောင် မွန်တိုင်းရင်းသား ၁၆၀ ထိရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီထဲက တချို့က အခြေအနေ ပြန်လည်တည်ငြိမ်လို့ မြန်မာနိုင်ငံကို ပြန်ကြပေမဲ့ တချို့ကတော့ ခုထိ ကြောက်ရွံတာကြောင့် မပြန်သေးကြတာ ဖြစ်ပါတယ်။

လက်ရှိမှာ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြား အခြေအနေတွေ တည်ငြိမ်သွားပြီဆိုပေမဲ့ ထိုင်းစစ်ဘက်အရာရှိတွေကတော့ ထိုင်း-မြန်မာ နယ်စပ်မှာ လုံခြုံရေးတင်းကျပ်ထားတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဘုရားသုံးဆူ နယ်စပ်စစ်ဆေးရေးဂိတ်ကနေတစ်ဆင့် နှစ်ဖက်နိုင်ငံ ခရီးသွားတာကိုတော့ ခွင့်ပြုထားတယ်လို့ ပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)