ဆန္ဒပြခဲ့တဲ့ မြန်မာအလုပ်သမားတွေနဲ့ ထိုင်းလုပ်ငန်းရှင်တို့ကြား ပြေလည်မှု တချို့ ရရှိ

0
230

ဖေဖော်ဝါရီလ(၂၂)ရက်နေ့က ထိုင်းနိုင်ငံ ဖက်လံဆောင်နယ်မြေ ထာ့ခန့် (၈)လမ်းထဲမှာက အင်လ်ဒစ် ဆိုင်ကယ်ဦးထုပ် စက်ရုံတစ်ခုကို မြန်မာ အလုပ်သမားတွေဟာ လုပ်ငန်းခွင်အခွင့်အရေး အပြည့်အ၀ ရရှိဖို့ ဆန္ဒပြတောင်းဆိုခဲ့ပြီး နောက်မှာ မြန်မာအလုပ်သမားတွေနဲ့ ထိုင်းလုပ်ငန်းရှင်တို့ကြား ပြေလည်မှုတချို့ ရရှိခဲ့ပါတယ်။

မြန်မာအလုပ်သမား(၃၀၀)ကျော်ဟာ သူတို့ရပိုင်ခွင့်တွေကို ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာအရေးကို ကူညီဆောင်ရွက်ပေးနေတဲ့ AAC (မဟာမိတ်)အဖွဲ့ဝင်တွေဆီကို တင်ပြတောင်း ဆိုထားပြီး AAC (မဟာမိတ်) အဖွဲ့ဝင်နဲ့ ထိုင်းလုပ်ငန်းရှင်တို့ကြား အပြန်အလှန် ဆွေးနွေးခဲ့ပြီးနောက် အခုလို ပြေလည်မှုတချို့ ရရှိခဲ့တာ လည်းဖြစ်ပါတယ်။

ဆန္ဒပြခဲ့တဲ့ မြန်မာအလုပ်သမား(၃၀၀)ကျော်ဟာ သူတို့ ရပိုင်ခွင့် (၁၃)ချက်ကို တင်ပြတောင်းဆိုခဲ့ပေမယ့် ထိုင်းလုပ်ငန်းရှင်ဘက်က (၁၀) ချက် လိုက်လျောခဲ့သလို သဘောတူညီမှုရရှိခဲ့ပြီးနောက် ဆန္ဒပြခဲ့တဲ့ မြန်မာ အလုပ်သမား(၃၀၀)ကျော်ဟာ ပြန်လည် အလုပ်လုပ်ကိုင် နေကြပြီလို့လည်း
AAC(မဟာမိတ်)အဖွဲ့ဝင်တွေက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)