ထောင်ကျအကျဉ်းသားတွေ များနေပြီး တရားဆွဲဆိုမှု ကြာမြင့်နေတဲ့အပေါ် မေးခွန်းထုတ်စရာ ဖြစ်နေ

0
339

မြန်မာပြည်အကျဉ်းထောင်တွေမှာ အကျဉ်းသားဦးရေ ၇၀၀၀၀ ကျော်အထိ ရှိနေတဲ့အတွက် အစိုးရသစ်လက်ထက်မှာ ဖမ်းဆီးမှုတွေများလာတာကြောင့် အကျဉ်းသားဦးရေ မြင့်တက်လာတာဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသား ကာကွယ်စောင့်ရှောက်ရေး အသင်းက အတွင်းရေးမှူး ကိုဘိုကြည်က ပြောကြားလိုက်ပါတယ်။

MCNသတင်းဌာနရဲ့ သီးခြားဆက်သွယ်မေးမြန်းချက်အပေါ်မှာ အခုလိုပြောကြားလိုက်တာပါ။ လက်ရှိမှာ မူးယစ်ဆေးဝါးမှုတွေနဲ့ ပတ်သက်ပြီး ဖမ်းဆီးမှုတွေများနေပြီး ထောင်တွေမှာ အကျဉ်းသားတွေများနေတဲ့အတွက် ကျန်းမာရေးနဲ့ ဆေးဝါးကုသရေးမှာ အခက်အခဲတွေရှိနေတယ်လို့ ကိုဘိုကြည်ကပြောပါတယ်။

ဒါ့အပြင် မူးယစ်ဆေး၂ ပြား၃ပြားမိတာနဲ့ ဖမ်းဆီးလိုက်ပြီး တရားဆွဲဆိုဖို့အတွက် အချိန်က ၁ နှစ်ကျော်ကြာမြင့် နေတယ်ဆိုတာကလည်း တရားရေးကို မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)