ကချင်တိုင်းရင်းသူ သူနာပြုဆရာမကို သတ်သွားတဲ့ တရားခံတွေကို မဖမ်းမိသေး

0
270

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၉)ရက်နေ့က ကြက်ပေါင်ခြံရပ်ကွက်ထဲက နေအိမ်မှာ အသက်ခံခဲ့ရတဲ့ ကချင်တိုင်းရင်းသူ သူနာပြုဆရာမ မလိဆန်ပန်ကို သတ်သွားတဲ့ တရားခံတွေကို မဖမ်းမိသေးဘူးလို့ မြစ်ကြီးနား အမှတ်(၂)မြေရဲစခန်းက MCN သတင်းဌာနရဲ့ ဆက်သွယ်မေးမြန်းစဉ်မှာ အခုလို ငြင်းဆိုဖြေကြားခဲ့ပါတယ်။

အသတ်ခံခဲ့ရတဲ့ ကချင်တိုင်းရင်းသူ သူနာပြုဆရာမ မလိဆန်ပန်ဟာ ခန္ဓာကိုယ်တစ်လုံး ဓားဒဏ်ရာ(၁၉) ချက်နဲ့ ထိုးသတ်ခံခဲ့ရတာဖြစ်ပြီး နေရာမှာတင်ပဲ ပွဲချင်းပြီးသေဆုံးခဲ့တာပါ။

ကချင်တိုင်းရင်းသူ သူနာပြုဆရာမ မလိဆန်ပန်ဟာ ဗန်းမော်မြို့ Maliyang Church, သင်းအုပ်ဆရာ Rev. ဦးလဂျာနဲ့ ဆရာမ ဒေါ်အချန်း တို့ရဲ့ သမီးဖြစ်ပြီး လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ပြီး ကချင်နိုင်ငံရေးလောကမှာလည်း လှုပ်ရှားသူတစ်ဦးလည်းဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)