အင်းလေးကန်နဲ့ ပတ်သက်တဲ့ ဥပဒေ(မူကြမ်း) နည်းဥပဒေ ပြဋ္ဌာန်းဖို့ အစိုးရသစ် လက်ထက်မှာ စတင်နိုင်ခဲ့ပြီ

0
273

အင်းလေးကန်နဲ့ပတ်သက်ပြီး ဥပဒေ၊ နည်းဥပဒေများပြဌာန်းနိုင်ဖို့ ဆောင်ရွက်ခဲ့ရာ အစိုးရသစ် လက်ထက်မှာ စတင်နိုင်ခဲ့ပြီ ဖြစ်တယ်လို့ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ပြောကြားလိုက်ပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ မနက်က တောင်ကြီးမြို့၊ ရှမ်းပြည်နယ် သစ်တော ဦးစီးဌာန၊ ရတနာသစ်ခန်းမမှာ ပြုလုပ်တဲ့ အင်းလေးကန်နဲ့ ပတ်သက်တဲ့ ဥပဒေ(မူကြမ်း) နည်းဥပဒေများဆိုင်ရာ အကြံပြုဆွေးနွေးပွဲမှာ အခုလိုပြောကြားလိုက်တာပါ။ ဒါ့အပြင် အစိုးရသစ်ကာလ လက်ထက် အင်းလေးကန် ရေရှည်တည်တံ့စေရေး ဆက်စပ်ပတ်သက်သမျှ အားလုံးကို NGO အဖွဲ့အစည်း တွေအပါအဝင် ဒေသခံပြည်သူတွေ ပြည်တွင်းပြည်ပ ပညာရှင်တွေနဲ့ ဖိတ်ကြားဆောင်ရွက်ခဲ့ရာ (၇)ကြိမ်ရှိပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံသာမက ကမ္ဘာပေါ်မှာ အသိအမှတ်ပြုခံရတဲ့ အင်းလေးကန်ကြီးနဲ့ အင်းတိုင်းရင်းသား တွေအပါအဝင် အခြားတိုင်းရင်းသားတွေ ပတ်လည် ဝန်းရံနေတဲ့ ဇီဝအဝန်းနယ်မြေ ရေရှည်တည်တံ့ နိုင်ဖို့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ဆောင်ရွက်တဲ့ လုပ်ငန်းစဉ်တိုင်းမှာ ဥပဒေပြုဟာလည်း မဖြစ်မနေ လုပ်ကိုင် သင့်တဲ့ လုပ်ငန်းစဉ်အဖြစ် အားလုံးဝိုင်းဝန်းဆွေးနွေး အကြံပြုကြဖို့ ထပ်မံတိုက်တွန်းခဲ့ပါတယ်။

ဒါ့အပြင် ကန်တွေနဲ့ ပတ်သက်တဲ့ ဥပဒေ၊ နည်းဥပဒေတွေပေါ်ထွက်လာဖို့ အချိန်ယူဆောင်ရွက်ရမယ့် ကိစ္စဖြစ်တဲ့အတွက် အပြည်ပြည်ဆိုင်ရာ ကန်တွေ ဥပဒေတွေနဲ့ မသွေဖီဖို့ လိုအပ်မှာဖြစ်ပြီး ဒေသခံပြည်သူတွေနဲ့ လိုက်လျော ညီထွေဖြစ်တဲ့ ဥပဒေ၊ နည်းဥပဒေဖြစ်ဖို့ လိုအပ်တယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)