ကျောင်းသားသမဂ္ဂ အဆောက်အအုံသစ်ကို ကျောင်းသား ပြည်သူတွေ လှူဒါန်းတဲ့ ငွေနဲ့သာ တည်ဆောက်မယ်လို့ ကိုမြအေး ပြော

0
264

၁၉၆၂-ခုနှစ်ဦးနေဝင်း စစ်အစိုးရ အုပ်ချုပ်ခဲ့စဉ်ကာလက မိုင်းခွဲဖြိုဖျက်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အအုံကို အခုအစိုးရသစ် လက်ထက်မှာ ပြန်လည်တည်ဆောက်နိုင်ဖို့ ရန်ကုန် တိုင်းဒေသကြီး အစိုးရဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကိုယ်တိုင် အဲဒီလုပ်ငန်းစဉ်တွေ ဖြစ်မြောက်ဖို့ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

အဲဒီသမဂ္ဂအဆောက်အအုံကြီးဟာ မြန်မာနိုင်ငံကျောင်းသားတွေရဲ့ အထင်ကရ သမိုင်းဝင် အဆောက်အအုံကြီး တစ်ခုဖြစ်တာကြောင့် အခုအသစ်ပြန်လည် တည်ဆောက်တော့မယ့်အချိန်မှာ ခေတ်အဆက် ဆက်မှာရှိခဲ့တဲ့ ကျောင်းသားအဖွဲ့အစည်းတွေပါဝင်ဖို့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်သွားမှာဖြစ်တယ်လို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလုအဖွဲ့အစည်းက ကိုမြအေးကပြောပါတယ်။

MCN သတင်းဌာနရဲ့ သီးခြား ဆက်သွယ်မှုအပေါ်မှာ အခုလိုပြောကြားလိုက်တာပါ။ ဆက်လက်ပြီး ကိုမြအေးက ပြောကြားရာမှာ အခုလောလော ဆယ်မှာတော့ ကျောင်းသားအဖွဲ့တွေ အဆုံအလင်မပါသေးဘူး၊ အကသ တွေမပါသေးဘူး၊ ၉၆-မျိုးဆက်တွေလည်း မတွေ့သေးဘူး၊ ၈၈မှာဆိုရင်လည်း ကျွန်တော်တို့ ငြိမ်း/ပွင့်တစ်ခုတည်း မဟုတ်ဘူး၊ ၈၈ မျိုးဆက်ဆိုတာတွေက အများကြီးရှိနေသေးတယ်။ ပြီးတော့ ၇၄/၇၅/၇၆ ခုနှစ်က ကျောင်းသား တွေလည်း ပါဝင်ဖို့လိုတယ်လို့ပြောပါတယ်။

ဒါ့အပြင် လက်ရှိအသစ်ပြန်လည်တည်ဆောက်မယ့် ကျေင်းသားသမဂ္ဂ အဆောက်အအုံသစ်ကို နိုင်ငံတော်ငွေကြေးအကူအညီနဲ့ တည်ဆောက်မှာ မဟုတ်ဘဲ ကျောင်းသား ပြည်သူ တွေရဲ့ လှူဒါန်းတဲ့ငွေကြေးတွေနဲ့သာ တည်ဆောက်ဖို့ စဉ်းစားရမယ်လို့ ကိုမြအေးက ပြောကြားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)