ရဲတပ်ဖွဲ့က အလိုရှိနေတဲ့ နဂါးလေး(ခ)အောင်နိုင်မြင့် ကို မင်းဘူးမြို့မှာ ဖမ်းမိ

0
325

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ အမှတ်(၄)ရပ်ကွက်မှာ ဒီကနေ့ ဖေဖော်ဝါရီလ(၂၃)ရက်နေ့ မနက်အစောပိုင်းမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က အလိုရှိနေတဲ့ နဂါးလေး(ခ)အောင်နိုင်မြင့်ကို မင်းဘူးမြို့မှာ ဖမ်းမိခဲ့တယ်လို့ မင်းဘူးမြို့ နယ်ထိန်းခေါင်းဆောင် ရဲအုပ်မိုးကျော်ဟိန်းက MCN သတင်းဌာနကို အတည်ပြု ပြောကြားခဲ့ပါတယ်။

နဂါးလေး(ခ)အောင်နိုင်မြင့်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၁၆) ရက်နေ့က ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ (၂၀)ရပ်ကွက်၊ လှော်ကားလမ်းထဲက ဥဿဘုရားလမ်းဆုံ အနီးမှာ ကားဝပ်ရှော့ကို ရောက်ရှိနေကြောင်း သတင်းအရ ရဲတပ်ဖွဲ့ဝင်များက ပိတ်ဆို့ဖမ်းဆီးဖို့ ကြိုးစားနေတုန်းမှာ အဖမ်းမခံဘဲ ကားနဲ့ တိုက်ပြီး ထွက်ပြေးသွားသလို ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့သော်လည်း ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။

နဂါးလေး(ခ)အောင်နိုင်မြင့်ဟာ အပြင်ကနေ သူ့နေထိုင်ရာအိမ်ကို ပြန်လာနေတုန်း နောက်ကနေ အလစ်သုတ်ပြီးရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာလည်းဖြစ်ပါတယ်။
ဒီကနေ့မှာပဲ နဂါးလေး(ခ)အောင်နိုင်မြင့်ကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့ဆီကို လွှဲပြောင်းပေးလိုက်ပြီလို့လည်း မင်းဘူးမြို့ နယ်ထိန်းခေါင်းဆောင် ရဲအုပ်မိုးကျော်ဟိန်းက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)