ကျွဲခြံကုန်း ဗလီထဲက ပုတ်ပွနေတဲ့ အမျိုးသားအလောင်း တွေ့ရှိ

0
332

မွန်ပြည်နယ် မော်လမြိုင်မြို့ ကျွဲခြံကုန်းရပ်ကွက် ဗလီထဲက ပုတ်ပွနေတဲ့ အမျိုးသားအလောင်းတစ်လောင်းကို ဒီကနေ့ ဖေဖော်ဝါရီလ(၂၃)ရက်နေ့ မနက်အစောပိုင်းမှာ တွေ့ရှိခဲ့ပါတယ်။

သေဆုံးသူနေတဲ့ အမျိုးသားဟာ ဘာစီ (မွတ်စလင်/အစ္စလာမ်)ဘာသာဝင်တစ်ဦးဖြစ်ပြီး မော်လမြိုင် မြို့ခံတွေရဲ့ ပြောပြချက်အရ သူဟာ အနီးအနား ပတ်ဝန်းကျင်မှာ လိုက်လံတောင်းရမ်း စားသောက် နေသူတစ်ဦးဖြစ်ပြီး ဗလီဧည့်ဆောင်မှာ အမြဲတမ်း လာရောက်အိပ်နေသူတစ်ဦးဖြစ်ကြောင်း ဒေသခံတွေက ပြောပြချက်အရ သိရပါတယ်။

သေဆုံးနေတဲ့အမျိုးသားဟာ ပုတ်ပွနေပြီး ခန္ဒာကိုယ်တစ်ကိုယ်လုံးမှာ ပိုးတွေလောက်ကောင်တွေ ၀င်နေတယ်လို့လည်း ဆိုပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)