
0
2262



…………………… ။ ။ …………………….

ဗိုလ်ချုပ် အောင်ဆန်း ရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေး ရုံးခန်း ဖွင့်မယ်

ဗိုလ်ချုပ် အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် အောင်မြင်စွာ ရိုက်ကူးထုတ်လုပ် ပြသနိုင်ရေးအတွက် ရုံးခန်းဖွင့်လှစ် ဆောင်ရွက်မှာ ဖြစ်ပါတယ်။

အဲဒီရုံးခန်းဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၂၈ ရက်နေ့မှာ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ ကမ္ဘောဇရိပ်သာ (ချင်းချောင်းနန်းတော်) မှာ ကျင်းပမှာ ဖြစ်တယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ကြေညာထားပါတယ်။

ဗိုလ်ချုပ် အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးရေးအတွက် စီစဉ်ဆောင်ရွက်နေမှု နှစ်နဲ့ချီ ကြာမြင့်ခဲ့ပေမယ့်လည်း အောင်မြင်မှု မရှိဘဲ အခု ရုံးခန်းဖွင့်လှစ်ကာ ထပ်မံ ရိုက်ကူးထုတ်လုပ်ဖို့ ကြိုးစားတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)