
0
2099



…………………. ။ ။ …………………

မွန်ပြည်သစ် NMSP နဲ့ လားဟူ LDU တို့ NCA လက်မှတ် ထိုးမယ်

မွန်ပြည်သစ်ပါတီ (NMSP) နဲ့ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ မကြာခင်မှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးမယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။

NMSP ဥက္ကဋ္ဌ နိုင်ထောမွန် ဦးဆောင်တဲ့ကိုယ်စားလှယ် အဖွဲ့နဲ့၊ LDU ဥက္ကဋ္ဌ ကြာခွန်ဆာ ခေါင်းဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့တို့ဟာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ နေပြည်တော်မှာ သီးခြားစီ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

ဒီနေ့ ဇန်နဝါရီ ၂၃ ရက် ဆွေးနွေးပွဲတွေမှာ NCA လက်မှတ်ရေးထိုးရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ဆွေးနွေးခဲ့ပြီး ဆွေးနွေးမှုတွေအရ NMSP ရော LDU ပါ NCA မှာ လက်မှတ်ရေးထိုးဖို့ ကြေညာလိုက်တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)