
0
2175



………………….. ။ ။ …………………..

အဓိကရုဏ်းအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၈ ဦးတို့ကို စစ်တွေဆေးရုံပေါ်က ဖမ်းဆီး

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ဇန်နဝါရီလ ၂၆ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းမှာ ဒဏ်ရာရရှိခဲ့သူ လူငယ် ၈ ဦးတို့ကို စစ်တွေဆေးရုံပေါ်ကနေ ဒီကနေ့မနက်ပိုင်းမှာ ဖမ်းဆီးလိုက်ပါတယ်။

အဲဒီဆေးကုသခံယူနေသူ ၈ ဦးကို ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးသွားတာဖြစ်ပြီး ဖမ်းဆီးခြင်းနဲ့ပတ်သက်တဲ့ အခြေအနေတွေကို မိသားစုဝင်တွေအနေနဲ့ သိခွင့်မရသေးကြောင်း ပြောပါတယ်။

ဒါ့ပြင် အဲဒီလူနာတွေကို စစ်တွေဆေးရုံရဲ့ အကျဉ်းသားဆေးကုသဆောင်မှာ ထားရှိပြီးတော့ မိသားစုတွေနဲ့ တွေ့ခွင့်မရရှိကြောင်း မိသားစုတွေက စိုးရိမ်နေကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)