
0
2059



…………………. ။ ။ ………………….

ရေးမြို့နယ်မှာ နေအိမ် ၆ လုံး မီးလောင်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကော့လှိုင်ကျေးရွာမှာ ဇန်နဝါရီ ၂၂ ရက်နေ့က မီးလောင်မှု ဖြစ်ပွားပြီး နေအိမ် ၆ လုံး ဆုံးရှုံးခဲ့ပါတယ်။

ကော့လှိုင်ကျေးရွာ ရပ်ကွက် (၈) နေ ဦးရွှေကဲ (၆၃ နှစ်) ရဲ့ နေအိမ် မီးဖိုရဲ့ မီးကြွင်းမီးကျန်ကတဆင့် မီးစတင် လောင်ကျွမ်းပြီး အနီးရှိ နေအိမ် ၅ လုံးကို ကူးစက် လောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။

ထိခိုက်ဒဏ်ရာရသူ မရှိဘဲ အိမ်ထောင်စု ၆ စုက အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၁၆ ဦးတို့ကို ဆွေမျိုးတွေ နေအိမ်ကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
မီးလောင်မှုကြောင့် ဦးရွှေကဲကို ခေါဇာနယ်မြေ ရဲစခန်းက အမှုဖွင့် စစ်ဆေးနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)