
0
2022



………………….. ။ ။ …………………..

၂၀၁၈ ခုနှစ် နှစ်ဆန်းမှာတင် ရင်းနှီမြှုပ်နှံမှုလုပ်ငန်း ၁၁ ခု ခွင့်ပြု

၂၀၁၈ ခုနှစ် နှစ်ဆန်းမှာတင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၁ ခုကို ခွင့်ပြုလိုက်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အစည်းအဝေး (၁/၂၀၁၈) ကနေ ဆုံးဖြတ် ခွင့်ပြုလိုက်တာပါ။

အဲ့ဒီ လုပ်ငန်းတွေထဲမှာတော့ နိုင်ငံရေင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေအဖြစ် ရန်ကုန်တိုင်းဒေသကြီးမှာ ၃ ခု၊ ပဲခူးတိုင်းဒေသကြီးမှာ ၂ ခု၊ မွန်ပြည်နယ်မှာ ၁ ခုနဲ့ မန္တလေးတိုင်းဒေသကြီးတွေမှာ ၃ ခုတို့ အဓိက ပါဝင်နေတာပါ။

ဒီလုပ်ငန်းတွေမှာ ဆိုရင်တော့ စက်မှုကဏ္ဍလုပ်ငန်း ၈ ခု၊ အခြားဝန်ဆောင်မှုကဏ္ဍ ၂ ခု၊ အိမ်ရာ အဆောက်အအုံတည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍ ၁ ခုတို့ ပါဝင်နေပါတယ်။

ဒီလုပ်ငန်းတွေကနေ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁၂၇ သန်းကျော် ရရှိလာမှာဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်း ၆၀ဝ၀ နီးပါးကိုလည်း ဖန်တီးပေးလာ နိုင်တော့မှာဖြစ်ပါတယ်

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)