ေက်ာက္ျဖဴ အထူးစီးပြားေရးဇုန္ အေကာင္အထည္ေဖာ္ေရး ျမန္မာ-တ႐ုတ္ေဆြးေႏြး

0
2048

ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္ အေကာင္အထည္ ေဖာ္ေဆာင္ေရးနဲ႔ ဆက္လက္ပူးေပါင္း ေဆာင္႐ြက္ေရးကိစၥရပ္ေတြကို ျမန္မာ-တရုတ္ ႏွစ္ႏိုင္ငံ တာ၀န္ရွိသူေတြ ေဆြးေႏြးခဲ့ၾကပါတယ္။

ဇန္န၀ါရီလ ၂၂ ရက္ေန႔က ေနျပည္ေတာ္မွာ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး၀န္ႀကီးဌာန၊ ျပည္ေထာင္စု ဝန္ႀကီး ေဒါက္တာ သန္းျမင့္က Yunnan One Belt One Road Information Service Center က Secretary General Mr. Deng Yu-Bin ဦးေဆာင္တဲ့ ကိုယ္စားလွယ္အဖြဲ႔ကို လက္ခံေတြ႔ဆံုစဥ္ ေဆြးေႏြးခဲ့ၾကတာပါ။

အဲ့ဒီလိုေတြ႔ဆံုရာမွာေတာ့ ရပ္ဝန္းတစ္ခု၊ လမ္းေၾကာင္းတစ္ခု (One Belt One Road– OBOR) အေကာင္အထည္ေဖာ္ တည္ေဆာက္ရာမွာ ျမန္မာႏိုင္ငံက ပူးေပါင္း ပါဝင္ေဆာင္႐ြက္ႏိုင္ေရးအတြက္ တာဝန္ခံထားရွိသြားေရးနဲ႔အတူ OBOR ေအာက္မွာ တ႐ုတ္-ျမန္မာ ႏွစ္ႏိုင္ငံအၾကား ဆက္လက္ ပူးေပါင္းေဆာင္႐ြက္သြားမယ့္ အစီအစဥ္ေတြကို ေဆြးေႏြးခဲ့ၾကတာပါ။

ဒါ့အျပင္ ႏွစ္ႏိုင္ငံအၾကား ကုန္သြယ္မႈနဲ႔ ရင္းႏွီးျမႇဳပ္ႏွံမႈ တိုးတက္ေစဖို႔ ပူးေပါင္းေဆာင္႐ြက္မယ့္ လုပ္ငန္းစဥ္ေတြကိုလည္း ေဆြးေႏြးခဲ့ၾကတာျဖစ္ပါတယ္။
…………………… ။ ။ ………………….

ကျောက်ဖြူအထူးစီးပွားရေးဇုန် အကောင်အထည် ဖော်ရေး မြန်မာ-တရုတ်ဆွေးနွေး

ကျောက်ဖြူအထူးစီးပွားရေးဇုန် အကောင်အထည် ဖော်ဆောင်ရေးနဲ့ ဆက်လက်ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်တွေကို မြန်မာ-တရုတ် နှစ်နိုင်ငံ တာဝန်ရှိသူတွေ ဆွေးနွေးခဲ့ကြပါတယ်။

ဇန်နဝါရီလ ၂၂ ရက်နေ့က နေပြည်တော်မှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့်က Yunnan One Belt One Road Information Service Center က Secretary General Mr. Deng Yu-Bin ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြတာပါ။

အဲ့ဒီလိုတွေ့ဆုံရာမှာတော့ ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု (One Belt One Road– OBOR) အကောင်အထည်ဖော် တည်ဆောက်ရာမှာ မြန်မာနိုင်ငံက ပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် တာဝန်ခံထားရှိသွားရေးနဲ့အတူ OBOR အောက်မှာ တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမယ့် အစီအစဉ်တွေကို ဆွေးနွေးခဲ့ကြတာပါ။

ဒါ့အပြင် နှစ်နိုင်ငံအကြား ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု တိုးတက်စေဖို့ ပူးပေါင်းဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေကိုလည်း ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)