ဆရာ၊ဆရာမေတြနဲ႔ ပညာေရး၀န္ထမ္းေတြရဲ႕ လစာအျပည့္အ၀ ေပးႏုိင္ဖို႔လိုဟု ပညာေရး ၀န္ႀကီးဆို

0
2091

ဆရာ ဆရာမေတြ၊ ပညာေရး အရာထမ္းနဲ႔ အမႈထမ္းေတြရဲ႕ လစာ၊ ခရီးစရိတ္နဲ႔ ေန႔တြက္စရိတ္ေတြကို အျပည့္အ၀ေပးႏုိင္ေရး ေဆာင္ရြက္ဖို႔ ပညာေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီးက ေျပာၾကားလိုက္ပါတယ္။

ဇန္န၀ါရီလ ၂၁ ရက္ေန႔က ရန္ကုန္ တုိင္းေဒသႀကီး၊ မဂၤလာဒံုၿမိဳ႕နယ္၊ ေထာက္ႀကံ့အုပ္ခ်ဳပ္မႈ သင္တန္းေက်ာင္း မေဟာ္သဓခန္းမမွာ က်င္းပတဲ့ ဒုတိယၿမိဳ႕နယ္ ပညာေရးမွဴးမ်ား စီမံခန္႔ခြဲမႈသင္တန္း အမွတ္စဥ္ (၁/၂၀၁၈) မွာ ပညာေရးမွဴးေတြကို ေျပာၾကားလိုက္တာပါ။

အဲ့ဒီလို ေျပာၾကားရာမွာေတာ့ ေက်ာင္းေထာက္ပ့ံေၾကးအပါ၀င္ ပညာသင္ေထာက္ပ့ံေၾကးေတြကို အျပည့္ အ၀ေပးႏုိင္ေရး ေဆာင္ရြက္ဖို႔ကိုလည္း ေျပာၾကားခဲ့တာပါ။ ဒါ့အျပင္ ေငြေၾကးနဲ႔ ပစၥည္းေတြကို ေကာက္ခံတာမ်ိဳး မျပဳၾကဖို႔နဲ႔ လက္မခံၾကဖို႔ကိုလည္း သတိေပး ေျပာၾကားခဲ့တာျဖစ္ပါတယ္။
………………….. ။ ။ ………………….

ဆရာ၊ဆရာမတွေနဲ့ ပညာရေးဝန်ထမ်းတွေရဲ့ လစာအပြည့်အဝပေးနိုင်ဖို့လိုဟု ပညာရေး ဝန်ကြီးဆို

ဆရာ ဆရာမတွေ၊ ပညာရေး အရာထမ်းနဲ့ အမှုထမ်းတွေရဲ့ လစာ၊ ခရီးစရိတ်နဲ့ နေ့တွက်စရိတ်တွေကို အပြည့်အဝပေးနိုင်ရေး ဆောင်ရွက်ဖို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားလိုက်ပါတယ်။

ဇန်နဝါရီလ ၂၁ ရက်နေ့က ရန်ကုန် တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြံ့အုပ်ချုပ်မှု သင်တန်းကျောင်း မဟော်သဓခန်းမမှာ ကျင်းပတဲ့ ဒုတိယမြို့နယ် ပညာရေးမှူးများ စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် (၁/၂၀၁၈) မှာ ပညာရေးမှူးတွေကို ပြောကြားလိုက်တာပါ။

အဲ့ဒီလို ပြောကြားရာမှာတော့ ကျောင်းထောက်ပံ့ကြေးအပါဝင် ပညာသင်ထောက်ပံ့ကြေးတွေကို အပြည့် အဝပေးနိုင်ရေး ဆောင်ရွက်ဖို့ကိုလည်း ပြောကြားခဲ့တာပါ။ ဒါ့အပြင် ငွေကြေးနဲ့ ပစ္စည်းတွေကို ကောက်ခံတာမျိုး မပြုကြဖို့နဲ့ လက်မခံကြဖို့ကိုလည်း သတိပေး ပြောကြားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)