
0
2084



……………….. ။ ။ …………………

ဥပဒေအရာရှိတွေ လာဘ်ပေး လာဘ်ယူကင်းရှင်းဖို့လိုဟု ပြည်ထောင်စု ရှေ့နေချုပ်သတိပေး

ဥပဒေအရာရှိတွေ လာဘ်ပေး လာဘ်ယူကင်းရှင်းဖို့ လိုအပ်တယ်လို့ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦးက သတိပေး ပြောကြားလိုက်ပါတယ်။

ဇန်နဝါရီလ ၁၉ ရက်နေ့က နေပြည်တော်ရှိ ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှာ ကျင်းပတဲ့ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ အလယ်အလတ်အဆင့်ရှိ ဥပဒေအရာရှိများ မွမ်းမံသတင်တန်း အမှတ်စဉ် (၁/၂၀၁၈) သင်တန်းဖွင့်ပွဲမှာ ပြောကြားလိုက်တာပါ။

အဲဒီလိုပြောကြားရာမှာတော့ ဥပဒေအရာရှိတွေအနေနဲ့ ပညာနဲ့ လုပ်ငန်းအပေါ် ဂုဏ်ယူတတ်ပြီး ပန်းတိုင်ရောက်အောင် ကြိုးစားကြဖို့ကိုလည်း တိုက်တွန်းခဲ့တာပါ။

ဒါ့အပြင် ဥပဒေပညာဟာ အကျင့်သိက္ခာနဲ့ ပြည့်စုံတဲ့ ပညာ ဆောင်ပုဒ်နဲ့အညီ ကြိုးပမ်းနေထိုင်ကြဖို့လိုအပ်တယ်လို့လည်း သတိပေးပြောကြားလိုက်တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)