
0
2015




………………… ။ ။ ………………….

၆ လအတွင်း (GDP) တန်ဖိုး ၇.၂ ရာခိုင်နှုန်း တိုးတက်အောင် ဆောင်ရွက်ဖို့ ရှိနေ

လာမယ့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဧပြီလကနေ စက်တင်ဘာလအထိ ပထမ ၆ လအတွင်း စုစုပေါင်းပြည်တွင်း ထုတ်လုပ်မှု နဲ့ဝန်ဆောင်မှုတန်ဖိုး (GDP) ကို ပုံမှန်ဈေးနှုန်းအရ ၇.၂ ရာခိုင်နှုန်း တိုးတက်အောင် အစိုးရအနေနဲ့ ဆောင်ရွက်သွားဖို့ ရှိနေပါတယ်။

နိုင်ငံပိုင်သတင်းစာတွေမှာဖော်ပြလာတဲ့ ၂၀၁၈ ခုနှစ် ဧပြီလကနေ စက်တင်ဘာလအထိ ၆ လ အမျိုးသားစီမံကိန်းဥပဒေကြမ်းမှာ အဲ့ဒီလိုဆောင်ရွက်ဖို့ မျှော်မှန်းထားတာပါ။

အဲ့ဒီ ဥပဒေကြမ်းအရ လယ်ယာ၊ စက်မှုနဲ့ ဝန်ဆောင်မှုကဏ္ဍကြီးတွေရဲ့ စုစုပေါင်းပြည်တွင်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဘိုး (GDP) ဟာ ကျပ်ငွေ သန်းပေါင်း ၂၃ ကုဋေအထိ ရှိလာဖို့ကိုလည်း မျှော်မှန်ထားတာဖြစ်ပါတယ်။

လက်ရှိအခြေအနေမှာတော့ အဲ့ဒီဥပဒေကြမ်းကို လွှတ်တော်တွေဆီကို တင်သွင်းထားပြီး အများပြည်သူတွေ လေ့လာ အကြံပြုနိုင်ဖို့ နိုင်ငံပိုင်မီဒီယာတွေမှာ ဖော်ပြနေတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)