ဘင်္ဂါလီတွေကို ပြန်လည်လက်ခံရမယ့်နေ့ ရောက်ရှိလာပြီ

0
1847


Photo – Reuter





==============================

ဘင်္ဂါလီတွေ ပြန်လည်လက်ခံရမယ့် နေ့ကို ရောက်ရှိလာပြြီ

နှစ်နိုင်ငံသဘောတူညီချက်တွေအရ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ဘင်္ဂါလီတွေ ပြန်လည်လက်ခံရမယ့် နေ့ကို ရောက်ရှိလာပြီဖြစ်ပါတယ်။

ဒီလိုအခြေအနေမှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က မြန်မာနိုင်ငံကို ပြန်ပေးရမယ့် လူစာရင်း လက်စမသတ်နိုင်သေးတာကြောင့် ပြန်မပို့နိုင်သေးဘူးလို့ ဘင်္ဂလားအာဏာပိုင်တွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြနေပါတယ်။

မြန်မာအစိုးရအနေနဲ့ မြန်မာအစိုးရက ဟိန္ဒူဘာသာဝင် ၅၀ဝ ကျော်နဲ့ မူစလင်ဘာသာဝင် ၇၅၀ ဦးတို့ရဲ့ အမည်စာရင်းတွေ ပေးပို့ထားပြီး မူလအစီအစဉ်အတိုင်း လက်ခံသွားမယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် ပြန်လည်လက်ခံမယ့်သူတွေကို ယာယီစခန်းတွေမှာ ထားမှာ မဟုတ်ပဲ မူလကျေးရွာတွေမှာ အမြန်ဆုံးအခြေချနိုင်အောင် ပြင်ဆင်ထားတယ်လို့လည်း ပြောကြားထားပါတယ်။

ဒီကနေ့ ဇန်နဝါရီလ ၂၃ ရက်နေ့မှာပဲ ပြန်လည်လက်ခံရေးတွေနဲ့ပတ်သက်ပြီး မြန်မာအစိုးရက နေပြည်တော်မှာ သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကိုလည်း ကျင်းပဖို့ ရှိနေတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)