ရခိုင္ျပည္နယ္ဆိုင္ရာ အႀကံျပဳခ်က္ အေကာင္အထည္ေဖာ္ေရး ေကာ္မတီရဲ႕ အႀကံေပးအဖြဲ႔၀င္ေတြကို ေဒၚေအာင္ဆန္းစုၾကည္ ပထမဆံုးအႀကိမ္ေတြ႔ဆံု

0
2159

ႏိုင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ဟာ ရခိုင္ျပည္နယ္ဆိုင္ရာ အႀကံျပဳခ်က္ အေကာင္အထည္ေဖာ္ေဆာင္ရြက္ေရး ေကာ္မတီရဲ႕ အႀကံေပးအဖြဲ႔၀င္ေတြကို ပထမဆံုးအႀကိမ္အေနနဲ႔ လက္ခံေတြ႔ဆံုခဲ့ပါတယ္။

ဇန္န၀ါရီလ ၂၃ ရက္ေန႔က ေနျပည္ေတာ္ရွိ ႏိုင္ငံျခားေရး၀န္ႀကီးဌာနမွာ H.E.Prof.Dr.Surakiart Sathirathai ဦးေဆာင္တဲ့ အဖြဲ႔၀င္ ၁၀ ဦးပါ ရခိုင္ အႀကံျပဳခ်က္ အေကာင္အထည္ေဖာ္ေရး ေကာ္မတီရဲ႕ အႀကံေပး အဖြဲ႔၀င္ေတြကို ေတြ႔ဆံုခဲ့တာပါ။

ကုလသမဂၢ အတြင္းေရးမွဴးခ်ုပ္ေဟာင္း ေဒါက္တာကိုဖီအာနန္ ဦးေဆာင္တဲ့ အႀကံျပဳခ်က္ေတြကို အေကာင္အထည္ေဖာ္ဖို႔ ျပည္ေထာင္စုအစိုးရအဖြဲ႔က အေကာင္အထည္ေဖာ္ေရး ေကာ္မတီတစ္ရပ္ကို ဖြဲ႔စည္း ေဆာင္ရြက္ေနတာပါ။

အဲ့ဒီအႀကံျပဳခ်က္မ်ား အေကာင္အထည္ေဖာ္ေရးေကာ္မတီအတြက္ အႀကံေပးအဖြဲ႔ကို ၂၀၁၇ ခုႏွစ္ ဒီဇင္ဘာလ ၁၄ ရက္ေန႔မွာ ဖြဲ႔စည္းေပးခဲ့တာလဲျဖစ္ပါတယ္။

အဲ့ဒီ အႀကံေပးအဖြဲ႔မွာေတာ့ ႏိုင္ငံတကာက ကြၽမ္းက်င္ပညာရွင္ေတြ အဓိက ပါ၀င္ထားတာျဖစ္ပါတယ္။

===============================

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက် အကောင်အထည်ဖော်ရေး ကော်မတီရဲ့ အကြံပေးအဖွဲ့ဝင်တွေကို ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ်တွေ့ဆုံ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီရဲ့ အကြံပေးအဖွဲ့ဝင်တွေကို ပထမဆုံးအကြိမ်အနေနဲ့ လက်ခံတွေ့ဆုံခဲ့ပါတယ်။

ဇန်နဝါရီလ ၂၃ ရက်နေ့က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ H.E.Prof.Dr.Surakiart Sathirathai ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၀ ဦးပါ ရခိုင် အကြံပြုချက် အကောင်အထည်ဖော်ရေး ကော်မတီရဲ့ အကြံပေး အဖွဲ့ဝင်တွေကို တွေ့ဆုံခဲ့တာပါ။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဒေါက်တာကိုဖီအာနန် ဦးဆောင်တဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်ဖို့ ပြည်ထောင်စုအစိုးရအဖွဲ့က အကောင်အထည်ဖော်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်း ဆောင်ရွက်နေတာပါ။

အဲ့ဒီအကြံပြုချက်များ အကောင်အထည်ဖော်ရေးကော်မတီအတွက် အကြံပေးအဖွဲ့ကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ ဖွဲ့စည်းပေးခဲ့တာလဲဖြစ်ပါတယ်။

အဲ့ဒီ အကြံပေးအဖွဲ့မှာတော့ နိုင်ငံတကာက ကျွမ်းကျင်ပညာရှင်တွေ အဓိက ပါဝင်ထားတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)