တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ PPST ခေါင်းဆောင်တွေတွေ့ဆုံ

0
349

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က NCA ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST)  ခေါင်းဆောင်တွေကို လက်ခံတွေ့ဆုံခဲ့ပါတယ်။

နေပြည်တော်ရှိ ဘုရင်နောင် ဧည့်ခန်းမဆောင်မှာ ဇန်န၀ါရီလ (၂၃) ရက်နေ့က နေ့ခင်းပိုင်းက  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်ခံတွေ့ဆုံခဲ့တာပါ။

အဲ့ဒီတွေ့မှု အတွင်းမှာတော့ (PPST) မှာ ပါဝင်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် – ငြိမ်းချမ်းကောင်စီ (KNU/KNLA – PC)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) (RCSS/SSA)၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ မန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALPနဲ့ ဒီမိုကရေစီ ကရင် အကျိုးပြု တပ်မတော် (DKBA) စတဲ့ အဖွဲ့အစည်းတွေက တာဝန်ရှိပုဂ္ဂိုလ်တွေ ပါဝင်ခဲ့တာဖြစ်ပါတယ်။

(PPST) အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်တွေဟာ ဇန်န၀ါရီလ (၂၃) ရက်နေ့ မနက်ပိုင်းကလည်း အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဥက္ကဌ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံ ဆွေးနွေးမှုတွေ ရှိခဲ့တာဖြစ်ပါတယ်။ 

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)