NCA လက်မှတ် မထိုးသေးတဲ့ အဖွဲ့အစည်းတွေနဲ ဆွေးနွေးညှိနှိုင်းမှုကနေ အဖြေရဖို့ ယုံကြည်ဟု ဒေါ်အောင်ဆန်စုကြည်ဆို

0
252

NCA  လက်မှတ် မရေးထိုးနိုင်သေးတဲ့ အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေကို  စဉ်ဆက် မပြတ် ဆောင်ရွက်နေပြီး ဆွေးနွေးညှိနှိုင်းမှုကနေ အဖြေထွက်လာဖို့ ယုံကြည်ထားတယ်လို့  နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ဇန်န၀ါရီလ ၂၃ ရက်နေ့ မနက်ပိုင်းက နေပြည်တော်ရှိ  အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၊ အစည်းအဝေးခန်းမမှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ် (Nationwide Ceasefire Agreement-NCA) လက်မှတ်ရေးထိုး ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (Peace Process Steering Team-PPST) ခေါင်းဆောင်များတွေနဲ့ တွေ့ဆုံစဉ် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်တာပါ။

ဒါအပြင် ငြိမ်းချမ်းရေး မရရှိဘဲ အချိန်ကြာမြင့်နေရင် တိုင်းပြည်နဲ့ လူထု နစ်နာရမှာ ဖြစ်ကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲထားတဲ့ တိုင်းရင်းသားနယ်မြေဒေသတွေ ဖွံ့ဖြိုးတိုးတက်ရေးကို ဆထက် ထမ်းပိုး ကြိုးပမ်း ဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း၊ အဲ့ဒါမှသာ ငြိမ်းချမ်းရေးရဲ့ အသီး အပွင့်ကို တိုင်းရင်းသား ပြည်သူတွေ ရရှိခံစားနိုင်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ယုံကြည်မှုတိုးမြှင့် ရရှိလာမှာ ဖြစ်တယ်လို့လည်း ပြောကြားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီတွေ့ဆုံဆွေးနွေးမှုမှာတော့  ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံမြောက်ပိုင်းက တိုက်ပွဲတွေ ဖြစ်ပွားနေမှုနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပေါ် သက်ရောက်နိုင်မှုအခြေအနေတွေ၊ မကြာခင်ကျင်းပတော့မယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစုပင်လုံ ဒုတိယအစည်းအဝေးမှာ ခိုင်မာတဲ့ ရလဒ်တွေ ထွက်ပေါ်လာရေး၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲထားတဲ့ တိုင်းရင်းသားနယ်မြေဒေသတွေအတွင်းမှာ ဖွံ့ဖြိုးတိုးတက်မှုတွေကို ပြည်တွင်း၊ ပြည်ပ ကူညီထောက်ပံ့မှုတွေ ဖြည့်ဆည်း ဆောင်ရွက်ပေးဖို့ကိစ္စ၊ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတွေက အဖွဲ့ဝင်အချို့ရဲ့ အမှုအခင်းတွေကိစ္စ၊ NCA လက်မှတ်ရေးထိုးမှု မရှိသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင်လာနိုင်ရေးကိစ္စ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာအကြောင်းအရာတွေ ကို ဆွေးနွေးခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)