မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး လုပ်ငန်းအတွက် အထောက်အကူပြုပစ္စည်း လွှဲပြောင်း ပေးအပ်

0
319

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး လုပ်ငန်းတွေဆောင်ရွက်ရာမှာ အသုံးပြုဖို့ အထောက်အကူပြုပစ္စည်း ၁၀ မျိုး၊လွှဲပြောင်းပေးအပ်တဲ့ အခမ်းအနားကို ဇန်နဝါရီလ၂၃ရက်(ဒီကနေ့)မှာကျင်းပပြု လုပ်ခဲ့ပါတယ်။ အဲဒီပေးအပ်ပွဲကိုမူးယစ်ဆေးဝါး ပပျောက်ရေးအထိမ်းအမှတ်ပြတိုက်(ရန်ကုန်)မှာ ပြုလုပ်ခဲ့တာပါ။

အထောက်အကူပြု ပစ္စည်းတွေကို သြစတြေးလျနိုင်ငံသံအမတ်ကြီး H.E. Mr. Nicholas Coppel မှမြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဇော်ဝင်းထံကို လွှဲပြောင်းပေး အပ်ခဲ့တာဖြစ်ပါတယ်။

အခမ်းအနားကို သြစတြေးလျပြည်ထောင်စု ရဲတပ်ဖွဲ့ ဆက်ဆံရေးအရာရှိ Mr. Jared Taggart ၊ အမှတ်(၂) လုံခြံရေးရဲကွပ်ကဲမှုအဖွဲ့ ကွပ်ကဲရေးမှူးရဲမှူးချုပ်မြ၀င်း၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့တပ်ဖွဲ့မှူးရဲမှူးချုပ်ကျော်ဝင်း၊ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ၀င်းနိုင်၊မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့(စီမံကိန်း)၊ ဌာနမှူးရဲမှူးကြီး ဇော်လင်းထွန်း၊ မူးယစ်ဆေးဝါးပပျောက်ရေး အထိမ်းအမှတ်ပြတိုက်(ရန်ကုန်)တာဝန်ခံ ယာယီဒုတိယရဲမှူးကြီး မြဆွေနဲ့ မူးယစ်တပ်ဖွဲ့စုမှူးတွေ တက်ရောက်ခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)