တရားမ၀င် ပိတောက်တုံး နှစ်တန်ကျော် တင်ဆောင်လာတဲ့ ယာဉ်ကို ဖမ်းဆီးရမိ

0
300

စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ်မှာ တရားမဝင်သစ် ပိတောက်တုံး နှစ်တန်ကျော် တင်ဆောင်ထားတဲ့ မော်တော်ယာဉ်ကို ဖမ်းဆီးရမိခဲ့ပါတယ်။ပုလဲမြို့နယ်စီမံခန့်ခွဲမှုကော်မတီရဲ့ ဦးဆောင်မှုနဲ့ မြို့နယ်သစ်တော ဦးစီးဌာနနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး တရားမဝင်သစ်တွေ ခိုးယူခြင်း၊ ခုတ်လဲခြင်း ထုတ်လုပ်ခြင်း သယ်ဆောင်ခြင်း လုပ်ငန်းတွေကို တားဆီးကာကွယ် ဖော်ထုတ်ဖမ်းဆီးလျက်ရှိနေတာပါ။

ဇန်နဝါရီ ၂၂ ရက် ညနေ ၄ နာရီ ၃ဝ မိနစ်က တရားမဝင်သစ် ပိတောက်တုံး ၁၉ တုံး (၂ ဒသမ ၄၆၃၈ တန်) တင်ဆောင်ထား တဲ့ မော်တော်ယာဉ်ကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင်ဇန်နဝါရီ ၂၂ ရက် ညနေ ၄ နာရီ ၃ဝ မိနစ်က ကန့်ဒေါင့်ကျေးရွာ အနောက်ဘက် ၂ မိုင်ခန့်အကွာပုလဲ-ဂန့်ဂေါကားလမ်းေ မြောက်ဘက် ဖလံပင်ဆည်သွားလမ်းခွဲ၊ လယ်ဓမ္မဘိနယ် သစ်တောစခန်းရှေ့ ဖလံပင်ဆည်ဘက်မှ ယာဉ်မောင်း ကိုဇော်ထူး၊ စစ်ရင်ကျေးရွာ၊ ပုလဲမြို့နယ်နေ မောင်နှင်လာတဲ့ ယာဉ်အမှတ်၊ ၂ခ/ —- (၆)ဘီး မော်တော်ယာဉ်ကို သတင်းအရ ရပ်တန့်စစ်ဆေးရှာဖွေရာ စပါးခွံတွေနဲ့ ဖုံးပြီး တင်ဆောင်ထားတဲ့ တရားမဝင်သစ် ပိတောက်တုံး ၁၉ တုံး(၂ ဒသမ ၄၆၃၈ တန်) ကို ဖမ်းဆီးရမိခဲ့ပါတယ်။

အဲဒီ ဖမ်းဆီးရမိတဲ့ တရားမဝင်သစ် ပိတောက်တုံး ၁၉ တုံး ( ၂ ဒသမ ၄၆၃၈ တန်)ကို ပုလဲမြို့နယ်၊ လယ်ဓမ္မဘိနယ်သစ်တောစခန်းကို သယ်ဆောင် ထိန်းသိမ်းထားရှိပြီး တရားမဝင်သစ်တွေ တင်ဆောင်ထားတဲ့ ယာဉ်အမှတ်၊ ၂ခ/ —- ၆ဘီး မော်တော်ယာဉ်ကို ပုလဲမြို့မရဲစခန်းမှာ ထိန်းသိမ်းထားပြီး ကန့်ဒေါင့် ရဲစခန်းမှူး ရဲအုပ်ဝင်းဇော်ဦးက ယာဉ်မောင်းဖြစ်သူ ကိုဇော်ထူးကို ပုလဲမြို့မရဲစခန်းကပြစ်မှုအမှတ် (ပ)၁၄/၂ဝ၁၇ ဥပဒေပုဒ်မ ပြည်သူပိုင် ၆ (၁) နဲ့ တရားစွဲဆိုနိုင်ရေး ဆောင်ရွက်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)