မြန်မာနယ်စပ်ထဲကို ထိုင်းခရီးသွားတွေ မဝင်ရောက်ဖို့ ထိုင်းအစိုးရ ထုတ်ပြန်

0
318

ထိုင်းခရီးသွား ၃၇ ဦးကို ကရင် နယ်ခြားစောင့်တပ် (BGF)က ပြန်ပေးဆွဲမှု ဖြစ်ပွားပြီးနောက်မှာ ထိုင်းနိုင်ငံသားတွေ ကချနာဘူရီပြည်နယ်နဲ့ နယ်နိမိတ် ထိစပ်နေတဲ့ မြန်မာနယ်စပ်ကိုဒေသကို ခရီးမသွားကြဖို့ ထိုင်းအာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။

ကရင်နယ်ခြားစောင့်တပ်က ရင်ပြည်နယ်၊ ဘုရားသုံးဆူ ဒေသကို ဖြတ်လာတဲ့ ထိုင်းခရီးသွား ၃၇ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်နေ့မှာ ထိုင်းရဲတပ်ဖွဲ့က ကြေညာခဲ့တာပါ။

အဲဒီလို ပြန်ပေးဆွဲတာဟာ ကရင်နယ်ခြားစောင့်တပ် လက်အောက်မှာ အလုပ်လုပ်နေတဲ့ အလုပ်သမား ခြောက်ယောက်ကို ထိုင်းအာဏာပိုင်တွေက လူကုန်ကူးမှုတစ်ခုမှာ ပါဝင်တယ်ဆိုပြီး ဖမ်းဆီးခဲ့တဲ့အတွက် လက်တုံ့ပြန်တာလို့လည်း ဆိုပါတယ်။

ပြန်ပေးဆွဲခံခဲ့ရတဲ့ ထိုင်းခရီးသွား ၃၇ ယောက်ကို ထိုင်းအစိုးရနဲ့ ကရင် နယ်ခြားစောင့်တပ်အကြား ညှိနှိုင်းမှုတွေ လုပ်ခဲ့ပြီးနောက်မှာတော့ နယ်ခြားစောင့်တပ်က ပြန်လွှတ်ပေးခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

ဒါပေမဲ့လည်း အဲဒီလို ပြန်ပေးဆွဲတာတွေ ထပ်ဖြစ်လာမှာစိုးတာကြောင့် အခုလို မသွားဖို့ ထိုင်းခရီးသွားတွေကို ထုတ်ပြန်ထားတာပဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)