ဝတ်မှုံရွှေရည် နိုင်ငံပိုင်သတင်းစာကနေ ပြန်တောင်းပန်ပေးဖို့ မျိုးကိုကိုစန်း ပြော

0
322

ရုပ်ရှင်သရုပ်ဆာင် ဝတ်မှုံရွှေရည်အနေနဲ့ နိုင်ငံပိုင်သတင်းစာမှာ တရားဝင် ပြန်လည်တောင်းပန်တာကိုသာ လိုချင်ပြီး တရားပြန်စွဲတာမျိုးကို မလုပ်ချင်ဘူးလို့ အလှမယ် မျိုးကိုကိုစန်းက ပြောကြားလိုက်ပါတယ်။

ဇန်န၀ါရီလ (၂၃) ရက် နေ့လယ် ၁၁ နာရီအချိန် ရန်ကုန်မြို့၊ ဗိုလ်တထောင်ဘုရားလမ်းရှိ Orchid Hotel မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အလှမယ် မျိုးကိုကိုစန်းက ပြောကြားလိုက်တာပါ။

သရုပ်ဆာင် ဝတ်မှုံရွှေရည်က ပုဂ္ဂိုလ်ရေးအရ မကျေမနပ်ဖြစ်ပြီား တိုင်ကြားခဲ့တာကြောင့် ရဲစခန်းမှာ ၃ ရက် စစ်ဆေး ထိန်းသိမ်းခံတဲ့ အပေါ် အလှမယ် မျိုးကိုကိုစန်းက အဲဒီလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

သရုပ်ဆောင် ဝတ်မှုံရွှေရည်ရဲ့ တိုင်ကြားချက်ကြောင့် Miss International Queen 2014 Myanmar ဖြစ်သူ မျိုးကိုကိုစန်းဟာ Cele Cele Small လူမှုကွန်ရက် စာမျက်နှာရဲ့ Admin ဆိုတဲ့ စွပ်စွဲချက်နဲ့ ဇန်နဝါရီ ၁၇ ရက်နေ့မှာ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)နဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ အရပ်ဝတ်ရဲတွေ ဖမ်းဆီးခံခဲ့ရပြီး ၂၀ ရက်နေ့မှာ စွပ်စွဲထားတဲ့သက်သေ မခိုင်လုံတာကြောင့် ပြန်လည် လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)